အုပ်စုအဆင့်ကို ကျော်လွှားနိုင်မည်ဟု မန်ယူနည်းပြဗန်ဟားလ် ယုံကြည်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
MOSCOW, RUSSIA - OCTOBER 21:  Anthony Martial of Manchester United scores his team's first goal during the UEFA Champions League Group B match between CSKA Moskva and Manchester United at Arena Khimki on October 21, 2015 in Moscow, Russia.  (Photo by John Peters/Man Utd via Getty Images)
မန်ယူအတွက်ချေပဂိုးကို မာရှယ် ခေါင်းတိုက်သွင်းယူနေစဉ်။

စီအက်စ်အေကေမော်စကိုအသင်းနှင့် ၁-၁ ဂိုးသရေကျခဲ့သော်လည်း မိမိတို့အသင်း ချန်ပီယံလိဂ်အုပ်စုအဆင့်ကို ကျော်လွှားနိုင်မည်ဟု ယုံကြည်ကြောင်းမန်ယူနည်းပြဗန်ဟားလ်က ပြောကြားလိုက်သည်။

မန်ယူအသင်းသည် ချန်ပီယံလိဂ်အုပ်စု၃ပွဲ ကစားပြီးချိန်တွင် ၁ပွဲနိုင်၊၁ပွဲသရေ၊၁ပွဲရှုံးရလဒ်ဖြင့် အုပ်စုအဆင့်ဒုတိယနေရာတွင် ရပ်တည်လျက်ရှိသည်။
နည်းပြဗန်ဟားလ်က”မန်ယူအသင်းက အိမ်ကွင်းမှာ အရမ်းကိုကောင်းမွန်တဲ့အသင်းပါ။ ကျန်နေသေးတဲ့အိမ်ကွင်းပွဲတိုင်းမှာ အနိုင်ရမယ်လို့ မျှော်လင့်ထားတယ်။ ဒါ့ကြောင့်ကျွန်တော်တို့ အုပ်စုအဆင့်ကိုကျော်ဖြတ်ဖို့ နီးစပ်နေတာဖြစ်တယ်”ဟု ပြောခဲ့သည်။

ရုရှားမြေတွင် ၁-၁ဂိုးစီသရေကျခဲ့ရာတွင် တိုက်စစ်မှူးမာရှယ်မှာ ပယ်နယ်တီဧရိယာအတွင်း လက်ထိဘောကျူးလွန်ခဲ့သောကြောင့် ပင်နယ်တီပြစ်ဒဏ်သတ်မှတ်ခံခဲ့ရခြင်း ဖြစ်ပြီးယင်းအား စီအက်စ်အေအေကေမော်စကို တိုက်စစ်မှူး အီရီမန်ကို ကန်သွင်းရာ ဂိုးသမားဒီဂီယာကာကွယ်နိုင်ခဲ့သော်လည်း ဒွန်ဘီယာမှ ထပ်ဆင့် ကန်သွင်းခဲ့သည့်အတွက်မန်ယူအသင်းဦးဆောင်ဂိုးပေးခဲ့ရခြင်းဖြစ်သည်။

ယင်းကဲ့သို့ ပင်နယ်တီဖြစ်စေခဲ့သည့် မာရှယ်၏အပြုအမူနှင့် ပတ်သက်ပြီး ဗန်ဟားလ်က ယခုကဲ့သို့ ကာကွယ်ခဲ့သည်။ “ဒါကလူတစ်ယောက်ရဲ့ တုံ့ပြန်မှုပဲဖြစ်တယ်။ ညံ့ဖျင်းတဲ့လုပ်ရပ်လို့ဆိုနိုင်ပေမယ့်တစ်ခါတစ်လေမှာ ဒီလိုမျိုးလက်နဲ့ ပုတ်မိတဲ့ဖြစ်ရပ်တွေရှိနေတာပါပဲ။ သူ့အနေနဲ့ ဒုတိယပိုင်းမှာ အကောင်းဆုံးကစားပြနိုင်ခဲ့တဲ့အပေါ် အရမ်းဝမ်းသာမိတယ်”၎င်းက ပြောခဲ့သည်။

အဆိုပါပွဲစဉ်တွင် မာရှယ်မှာ အသင်းဘယ်တောင်ပံနေရာ၌ကစားသွားခဲ့ကာရွန်နီမှာ တိုက်စစ်အထောင်နေရာတွင် ကစားသွားခဲ့ပြီး ဂျက်ဆီလင်းဂတ်က ညာတောင်ပံနေရာတွင်ထားကစားခဲ့ခြင်းဖြစ်ကာ ဒုတိယပိုင်းတွင်ရှဝိန်းစတိုင်ဂျာအစားဖယ်လိုင်နီ၊ပွဲပြီးခါနီး ၁၀မိနစ်အလိုတွင် လင်းဂတ်ဒ်အစား ဒီပေး ၀င်ရောက်ကစားခဲ့ပြီး ယင်းမှာ ပထမပိုင်းတွင် အသင်းကစားပုံမကောင်းခဲ့ခြင်းကြောင့် ပြောင်းလဲကစားစေခြင်းဖြစ်ကြောင်း ယင်းကဆက်လက်ပြောကြားခဲ့သည်။

comments

error: Content is protected !!