ချန်ပီယံလိဂ်သီချင်းကို လှောင်ပြောင်ခဲ့သည့် မန်စီးတီးပရိသတ်များ အရေးယူခံရဖွယ်ရှိ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
မန်စီးတီးနှင့် ဆီဗီလာပွဲ မစတင်မီ

ဆီဗီလာနှင့်ယှဉ်ပြိုင်ခဲ့သည့် ချန်ပီယံလိဂ်အုပ်စုပွဲစဉ်တွင် ချန်ပီယံလိဂ်တေးသီချင်းကို မန်စီးတီးပရိသတ်များက လှောင်ပြောင်ခဲ့မှုနှင့်ပတ်သက်၍ ပွဲကြီးကြပ်သူ အိုင်ယာလန်အက်ဖ်အေဥက္ကဋ္ဌ သော်စတိုင်ဆန်က ယခုဖြစ်ရပ်အပေါ် အသေးစိတ်စစ်ဆေးပြီး စည်းမျဉ်းများအရ အရေးယူသွားမည်ဟု ပြောကြားခဲ့ကာ နိုဝင်ဘာလတွင် ကြားနာမည်ဖြစ်ကြောင်းသိရသည်။

ယခုဖြစ်ရပ်နှင့်ပတ်သက်၍ မန်စီးတီးအသင်းဘက်မှ တုံ့ပြန်ပြောကြားမှု တစ်စုံတရာမပြုလုပ်သော်လည်း ကြားနာမှုပြုလုပ်သည့်အချိန်တွင် ကာကွယ်ဖြေရှင်းနိုင်မည်ဟု မျှော်လင့်ထားကြောင်း သိရသည်။

ယူအီးအက်ဖ်အေနှင့် မန်စီးတီးပရိသတ်ကြား ဖြစ်ပွားခဲ့သည့် တင်မာမှုများမှာ ယခုတစ်ကြိမ်သည် ပထမဆုံးအကြိမ်မဟုတ်ဘဲ ပြီးခဲ့သည့်ဘောလုံးရာသီကလည်း ဆန္ဒပြမှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယခုဖြစ်ရပ်အပေါ် မန်စီးတီးပရိသတ်အဖွဲ့ အထွေထွေအတွင်းရေးမှူးကီဗင်ပါကားက “မန်စီးတီးပရိသတ်တွေဟာ ယူအီးအက်ဖ်အေကို မနှစ်မြို့ကြပါဘူး။ ဒါက ရှင်းပါတယ်။ ယူအီအက်ဖ်အေအနေနဲ့ ဆိုးရွားတဲ့ပိတ်ဆို့မှုတွေနဲ့ အရေးယူရင် အကျိုးရှိမယ်လို့ ထင်နေလား။ လူတိုင်းမှာ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်ရှိတယ်။ မန်စီးတီးပရိသတ်တွေကလည်း ဒီအခွင့်အရေးအရ ဒီဟာကိုမကြိုက်ဘူး။ ယူအီးအက်ဖ်အေကို မကြိုက်ဘူးလို့ ထုတ်ဖော်ခဲ့တာပါ” ဟု ပြောကြားခဲ့သည်။

comments

error: Content is protected !!