လူမျိုးရေးခွဲခြားခဲ့သည့် ဒိုင်နမိုကိဗ်အား ယူအီးအက်ဖ်အေ အရေးယူမည်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ချဲလ်ဆီးနှင့်ပွဲစဉ်က ဒိုင်နမိုကိဗ်ပရိသတ်များ

ယူကရိန်းကလပ် ဒိုင်နမိုကိဗ်ပရိသတ်များသည် ချန်ပီယံလိဂ်အုပ်စုပွဲစဉ်အဖြစ် ပရီးမီးယားလိဂ်ချန်ပီယံ ချဲလ်ဆီးနှင့် ကစားခဲ့သောပွဲစဉ်တွင် လူမျိုးရေးခွဲခြားသည့် အသုံးအနှုန်းများဖြင့် ပြိုင်ဘက်အသင်းသားအချို့ကို အော်ဟစ်ခဲ့ခြင်းကြောင့် ယူအီးအက်ဖ်အေ၏ အရေးယူခြင်း ခံရတော့မည်ဖြစ်ကြောင်း သိရှိရသည်။

ယူအီးအက်ဖ်အေတာဝန်ရှိသူများသည် ထိုပွဲမစတင်မီ လူမျိုးရေးခွဲခြားသည့် အပြုအမူများကို ရှောင်ကျဉ်ရန် ပညာပေးအစီအစဉ် ပြုလုပ်ခဲ့သော်လည်း ဒိုင်နမိုကိဗ်အသင်းပရိသတ်အချို့ကမူ ချဲလ်ဆီးအသင်း၏ လူမည်းကစားသမားများဖြစ်သည့် ရာမီရက်ဇ်၊ ၀ီလျံ၊ ဇူးမားတို့ကို လူမျိုးရေးခွဲခြားသည့် အသုံးအနှုန်းများဖြင့် တိုက်ခိုက်ခဲ့ကြသည်။

စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ ထုတ်ပြန်ချက်တွင် ပြိုင်ဘက်အသင်းကစားသမားများအပေါ် ဒိုင်နမိုကိဗ်ပရိသတ်များ လူမျိုးရေးခွဲ့ခြားခဲ့သည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း၊ စုံစမ်းစစ်ဆေးမှုများပြုလုပ်ပြီး လာမည့်အင်္ဂါနေ့တွင် ပြစ်ဒဏ်ချမှတ်မည်ဖြစ်ကြောင်း ဒိုင်နမိုကိဗ်အသင်းကို အကြောင်းကြားစာ ပေးပို့ခဲ့သည်။

ဒိုင်နမိုကိဗ်ပရိသတ်များသည် ပြီးခဲ့သည့်နှစ် ယူရိုပါလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်အဖြစ် အဲဗာတန်နှင့် ကစားခဲ့စဉ်ကလည်း ယခုကဲ့သို့ လူမျိုးရေးခွဲခြားသည့် အပြုအမူများကျူးလွန်ခဲ့သဖြင့် ကွင်းပိတ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရဖူးသည်။

comments

error: Content is protected !!