အမှားများစွာ ကျူးလွန်ခဲ့၍ နိုင်ပွဲပျောက်ဆုံးခဲ့ဟု ဂျူဗင်တပ်တပ်နည်းပြ ၀န်ခံ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
သတင်းစာရှင်းလင်းပွဲတွင်တွေ့ရသည့် အယ်လီဂရီ

ချန်ပီယံလိဂ်အုပ်စုပွဲအဖြစ် ဂျာမနီကလပ် မိုချင်ဂလက်ဘတ်နှင့် ကစားခဲ့သောပွဲစဉ်တွင် သရေရလဒ်သာရရှိခဲ့သည့် ဂျူဗင်တပ်နည်းပြ အယ်လီဂရီက အမှားများစွာ ကျူးလွန်ခဲ့သည့်အတွက် နိုင်ပွဲပျောက်ဆုံးခဲ့ကြောင်း၊ အင်တာမီလန်နှင့် စီးရီးအေပွဲစဉ်ကကဲ့သို့ စိတ်ပျက်စရာအမှားများ ကျူးလွန်ခဲ့ကြောင်း ပွဲပြီးသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဂျူဗင်တပ်အသင်းသည် ချန်ပီယံလိဂ်ပွဲစဉ်များတွင် ရှုံးပွဲမရှိ ကစားထားနိုင်ခဲ့ကာ မန်စီးတီး၊ ဆီဗီလာအသင်းတို့အား အနိုင်ရရှိထားသည့်အတွက် ရှုံးထွက်အဆင့်သို့တက်ရောက်ခွင့်ရရှိရန် နီးစပ်နေပြီး ပွဲစဉ် ၃ အပြီးတွင် ရမှတ် ၇မှတ်ဖြင့် အမှတ်ပေးဇယားကို ဦးဆောင်လျက်ရှိသည်။

”အင်တာမီလန်နဲ့ပွဲစဉ်က အမှားမျိုး ထပ်ပြီးလုပ်ခဲ့တဲအတွက် စိတ်ပျက်မိပါတယ်။ လိဂ်ပွဲစဉ်တွေမှာ ရလဒ်ကောင်းရဖို့ ရုန်းကန်နေရသလို ချန်ပီယံလိဂ်ပွဲစဉ်တွေမှာလည်း အကောင်းဆုံးပုံစံရရှိဖို့ လိုအပ်နေပါပြီ။ ဂိုးရရှိဖို့အတွက် အသင်းဖော်အချင်းချင်း တိတိကျကျ ဖန်တီးပေးပို့ဖို့အတွက် ပြင်ဆင်ခဲ့ပေမယ့် ကွင်းထဲရောက်တော့ ကစားသမားတွေအားလုံး မေ့ပစ်လိုက်ကြသလိုပါပဲ။ ကျူးလွန်မိခဲ့တဲ့အမှားတွေကြောင့် နိုင်ပွဲပျောက်ဆုံးခဲ့ပါပြီ”ဟု နည်းပြအယ်လီဂရီက ဆိုသည်။

comments

error: Content is protected !!