ဘိုင်ယန်မြူးနစ်ကို အနိုင်ရခဲ့သဖြင့် ယုံကြည်ချက်မြင့်မားခဲ့ကြောင်း အာစင်ဝင်းဂါး ပြောကြား

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ဘိုင်ယန်မြူးနစ်နှင့်ပွဲတွင် အာစင်ဝင်းဂါးအားတွေ့ရစဉ်

အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက ယမန်နေ့ညက ယှဉ်ပြိုင်ခဲ့သော ချန်ပီယံလိဂ်ပွဲစဉ်၌ ဘိုင်ယန်မြူးနစ်ကို ၂-၀ ဖြင့်အနိုင်ရခဲ့သောကြောင့် ယုံကြည်ချက်မြင့်လာခဲ့ကြောင်း ပြောကြားခဲ့သည်။

အဆိုပါပွဲတွင် အာဆင်နယ်အသင်းအတွက် အနိုင်ဂိုးများကို တိုက်စစ်မှူးဂီရော့ဒ်နှင့် ကွင်းလယ်လူအိုဇဲလ်တို့က သွင်းယူပေးခဲ့ခြင်းဖြစ်သည်။

အာဆင်နယ်မှာ ဘိုင်ယန်မြူးနစ်နှင့်ပွဲတွင် နိုင်ပွဲရခဲ့သော်လည်း ဒိုင်နမိုဇာဂရက်ဇ်၊ အိုလံပီယာကို့စ်တို့ကိုအရေးနိမ့်ထားသောကြောင့် ရမှတ် ၃ မှတ်သာရရှိထားပြီး အမှတ်ပေးဇယားအောက်ဆုံးတွင် ရပ်တည်နေရသည်။

ယခုနိုင်ပွဲနှင့်ပတ်သက်၍ နည်းပြအာစင်ဝင်းဂါးက ”နိုင်ပွဲရဖို့လိုအပ်နေချိန်မှာ ကျွန်တော်တို့ နိုင်ပွဲရှာနိုင်ခဲ့တာပါ။ ကျွန်တော်တို့ သေသေချာချာကစားနိုင်ခဲ့ပါတယ်။ ဒီလုပ်ဆောင်ချက်က ကျွန်တော်တို့နဲ့ ပရိသတ်တွေအတွက် ယုံကြည်မှုဖြစ်စေခဲ့ပါတယ်”ဟု ပြောကြားခဲ့သည်။

အာဆင်နယ်အသင်းမှာ ၀ဲလ်ကော့ကို အထောင်တိုက်စစ်မှူးအဖြစ် ပွဲထွက်စေခဲ့သော်လည်း ဘိုင်ယန်ဂိုးသမားနျူရာကို ၁ ကြိမ်သာ ခြိမ်းခြောက်နိုင်ခဲ့သောကြောင့် ၇၃ မိနစ်တွင် ဂီရော့ဒ်နှင့် လူစားလဲ့ခဲ့ပြီးနောက် အဆိုပါပြင်သစ်တိုက်စစ်မှူးက အဖွင့်ဂိုးရယူပေးနိုင်ခဲ့ခြင်းဖြစ်သည်။

နောက်ဆက်တွဲသတင်းများအရ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် အာဆင်နယ်အိမ်ကွင်း အမ်းမရိတ်စ်၏ ကွင်းဝင်ကြေးမြင့်မားသောကြောင့် ဘိုင်ယန်မြူးနစ်ပရိသတ်များက ပွဲမစတင်မီ ၅ မိနစ်ခန့်တွင် ”လက်မှတ်တစ်စောင်ကို ၆၄ ပေါင်၊ ဒါပေမဲ့ ပရိသတ်မရှိတဲ့ ဘောလုံးပွဲက တစ်ပဲနိတောင် တန်မှာမဟုတ်ဘူး” ဆိုသော ဆိုင်းဘုတ်များကိုင်ဆောင်၍ ဆန္ဒပြခဲ့ကြကြောင်း သိရသည်။

comments

error: Content is protected !!