ပီအက်စ်ဂျီသို့ မရောက်မီ ရီးရဲလ်နှင့် ဘာစီလိုနာသို့ ပြောင်းရွှေ့ရန်နီးစပ်ခဲ့ဟု သီယာဂိုဆေးလ်ဗားဖွင့်ဟ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ချန်ပီယံလိဂ်ပွဲကြိုသတင်းစာရှင်းလင်းပွဲမှ သီယာဂိုဆေးလ်ဗား

ပီအက်စ်ဂျီအသင်း၏ အဓိကနောက်ခံကစားသမား သီယာဂိုဆေးလ်ဗားက အေစီမီလန်မှ ထွက်ခွာရန်ပြင်ဆင်ခဲ့သည့်အချိန်တွင် ဥရောပထိပ်သီး အသင်းအချို့၏ ကမ်းလှမ်းမှုများအား လက်ခံရရှိခဲ့ကြောင်း၊ ချန်ပီယံလိဂ်တွင် ပြိုင်ဘက်အဖြစ် ရင်ဆိုင်နေရသည့် ရီးရဲလ်နှင့် ဘာစီလိုနာအသင်းများသို့ ပြောင်းရွှေရန်လည်း နီးစပ်ခဲ့ကြောင်း ဖွင့်ဟပြောကြားခဲ့သည်။

ဘရာဇီးလက်ရွေးစင် သီယာဂိုဆေးလ်ဗားသည် ၂၀၁၂ ခုနှစ်တွင် အေစီမီလန်မှ ထွက်ခွာခဲ့ချိန်၌ လာလီဂါထိပ်သီးအသင်းများဖြစ်သည့် ရီးရဲလ်နှင့် ဘာစီလိုနာသို့ ရောက်ရှိရန် နီးစပ်ခဲ့သော်လည်း ပြင်သစ်ကလပ် ပီအက်စ်ဂျီသို့ ယူရိုသန်း ၄၀ ဖြင့် အပြီးသတ်ရောက်ရှိခဲ့သူဖြစ်သည်။

“အေစီမီလန်ကနေ မထွက်ခွာခင်ကတည်းက ရီးရဲလ်တာဝန်ရှိသူတချို့နဲ့ တွေ့ဆုံခဲ့ဖူးသလို ဘာစီလိုနာဥက္ကဋ္ဌ ရိုဆဲလ်နဲ့လည်း ဆွေးနွေးမှုတချို့ ပြုလုပ်ခဲ့ဖူးပါတယ်။ ထိပ်သီးအသင်းတွေအနေနဲ့ အသင်းလိုအပ်ချက်အရ ခေါ်ယူလိုခဲ့ပေမယ့် ပွဲထွက်ခွင့်နေရာအတွက် အာမခံချက်မပေးနိုင်ခဲ့လို့ အပြီးသတ်စာချုပ် မချုပ်ဆိုနိုင်ခဲ့တာပါ။ ဘာစီလိုနာဥက္ကဋ္ဌ ရိုဆဲလ်က ပရော်ဖက်ရှင်နယ်ကစားသမားတစ်ယောက်ကို တိကျတဲ့အာမခံချက် မပေးနိုင်ခဲ့ပါဘူး”ဟု သီယာဂိုဆေးလ်ဗားက ဆိုသည်။

comments

error: Content is protected !!