အဓိက ကစားသမားနေရာကို ပေါ့ဘာရရှိခဲ့သော်လည်း လိုအပ်ချက်များရှိဆဲဟု ဂျူဗင်တပ်နည်းပြ သုံးသပ်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
စီးရီးအေပွဲစဉ်တစ်ပွဲတွင်တွေ့ရသည့် ပေါ့ဘာ

စီးရီးအေချန်ပီယံ ဂျူဗင်တပ်နည်းပြ အယ်လီဂရီက လူငယ်ကစားသမား ပေါ့ဘာမှာ အဓိကကစားသမားနေရာကို ရရှိခဲ့ပြီဖြစ်သော်လည်း ဥရောပထိပ်တန်း ကစားသမားတစ်ဦးအဖြစ် ဆက်လက်ရပ်တည်ရေးအတွက် ပိုမိုခြေစွမ်းပြနိုင်ရန် လိုအပ်နေသေးကြောင်း သုံးသပ်ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ဘောလုံးရာသီတွင် ဂျူဗင်တပ်အသင်းနှင့်အတူ ပြည်တွင်းပြိုင်ပွဲများ၌ အောင်မြင်မှုရရှိခဲ့သည့်အပြင် ချန်ပီယံလိဂ်ပြိုင်ပွဲတွင်ပါ အထိုက်အလျောက် အောင်မြင်မှုရရှိခဲ့သည့် ပေါ့ဘာအား ဥရောပထိပ်သီးအသင်းကြီးများက စိတ်ဝင်စားနေသည်။

ထို့ပြင် ၂၀၁၅ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံးကစားသမား ပမာဏ ၂၃ ဦးစာရင်းတွင် စီးရီးအေကိုယ်စားပြု တစ်ဦးတည်းသောကစားသမားအဖြစ် ရွေးချယ်ခံထားရသူဖြစ်သည်။

“အသင်းရလဒ်ဆိုးရွားမှုနဲ့အတူ ပုံမှန်ခြေစွမ်းပြန်ရဖို့ ရုန်းကန်နေရပေမယ့် အသင်းရဲ့အဓိကစားသမားနေရာကို ပေါ့ဘာရရှိခဲ့ပါပြီ။ ဒါပေမဲ့ ဥရောပထိပ်တန်း အသင်းကြီးတွေရဲ့ စိတ်ဝင်စားမှုခံခဲ့ရတဲ့အတွက် အခုထက် ခြေစွမ်းပြနိုင်ဖို့ လိုအပ်ပါသေးတယ်။ နည်းပြတစ်ယောက်အနေနဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမားတစ်ယောက်ဆီက အသင်းအတွက် အများကြီး မျှော်လင့်မိတာတော့ အမှန်ပါ”ဟု နည်းပြအယ်လီဂရီက ဆိုသည်။

ပြင်သစ်လက်ရွေးစင် ကွင်းလယ်ကစားသမား ပေါ့ဘာသည် ပြီးခဲ့သည့် ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်း အကောင်းဆုံးလူငယ်ကစားသမားဆု ရရှိခဲ့ပြီး ဆောင်းရာသီအပြောင်းအရွှေ့ဈေးကွက်တွင် စပိန်လာလီဂါထိပ်သီဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့ကစားရန် သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း သတင်းများထွက်ပေါ်နေသည်။

comments

error: Content is protected !!