သရေရလဒ်ထွက်ပေါ်ခဲ့ခြင်းကို ရပ်ဘီကမ္ဘာ့ဖလားပြိုင်ပွဲနှင့် မော်ရင်ညိုခိုင်းနှိုင်း

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ဒိုင်နမိုကိဗ်နှင့်ပွဲစဉ်က မော်ရင်ညိုကိုတွေ့ရစဉ်

ချဲလ်ဆီးအသင်းမှာ ချန်ပီယံလိဂ် အုပ်စုပွဲစဉ် ၃ အဖြစ် ယမန်နေ့ညက ဒိုင်နမိုကိဗ်နှင့် ယှဉ်ပြိုင်ခဲ့သည့်ပွဲတွင် ဂိုးမရှိသရေရလဒ်ဖြစ်ခဲ့ခြင်းကို နည်းပြမော်ရင်ညိုက ရပ်ဘီကမ္ဘာ့ဖလားပြိုင်ပွဲမှ စကော့တလန်အသင်း ထွက်ခွာခဲ့ရခြင်းနှင့် ခိုင်းနှိုင်းလိုက်သည်။

မော်ရင်ညိုက ကွင်းလယ်လူဖာဘရီဂတ်စ်မှာ ပင်နယ်တီဧရိယာအတွင်း လဲကျခဲ့သော်လည်း ကွင်းလယ်ဒိုင် အက်စ်ကိုမီနာက ပြစ်ဒဏ်ဘောပေးရန် ငြင်းပယ်ခဲ့ခြင်းမှာ ရပ်ဘီကမ္ဘာ့ဖလား ကွာတားဖိုင်နယ်တွင် သြစတြေးလျဘက်သို့ နောက်ကျပင်နယ်တီဂိုးပေးခဲ့သည့် တောင်အာဖရိကဒိုင် ဂျော့ဘတ်၏လုပ်ရပ်နှင့် တူညီကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

မော်ရင်ညိုက ”သက်ရောက်မှုကြီးမားတဲ့ ဆုံးဖြတ်ချက်ပါ။ အဲဒီလဲကျမှုကို ပင်နယ်တီပေးရမှာဖြစ်ပါတယ်။ ကွင်းလယ်ဒိုင်က တကယ့်ကိုတော်တဲ့သူပါ။ ကျွန်တော်ကသာ လူဆိုးပါ။ အမှားတစ်ခုပဲ သူလုပ်ခဲ့တာပါ။ ဥပမာပြောရရင် ရပ်ဘီကမ္ဘာ့ဖလားလိုပေါ့။ စကော့တလန်နဲ့ပွဲက ဒိုင်လူကြီးလည်း အရမ်းကောင်းတဲ့သူပါ။ ဒါပေမဲ့ အမှားတစ်ခုပဲ သူလုပ်ခဲ့တယ်။ အဲဒီအမှားက စကော့တလန်ကို ငိုကြွေးစေခဲ့ပါတယ်” ဟု ပြောကြားခဲ့သည်။

ချဲလ်ဆီးမှာ ဒိုင်နမိုကိဗ်နှင့် ယှဉ်ပြိုင်ခဲ့သည့်ပွဲတွင် ဂိုးရနိုင်ခြေရှိသည့် အခွင့်အရေးကောင်းများစွာ ဖန်တီးနိုင်ခဲ့သော်လည်း ဟာဇက်၏ကန်ချက် တိုင်ထိထွက်ခဲ့ပြီး ၀ီလျံ၏ အလွတ်တည်ကန်ဘောမှာလည်း ဘားထိထွက်ခဲ့သောကြောင့် ဂိုးမရှိသရေရလဒ်နှင့်သာ ကျေနပ်ခဲ့ရသည်။

comments

error: Content is protected !!