CSKA မော်စကိုနှင့်ပွဲ၌ မန်ယူကစားသမားအစုံအလင်ပွဲထွက်မည်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
လေ့ကျင့်ရေးကွင်းမှ ဗန်ဟားလ်နှင့် မန်ယူအသင်းသားများ

မန်ယူအသင်းသည် CSKA မော်စကိုနှင့်ယှဉ်ပြိုင်ကစားမည့် ချန်ပီယံလိဂ်ပွဲအတွက် နောက်ဆုံးလေ့ကျင့်ခန်းပြုလုပ်ခဲ့ပြီးနောက်အဓိက ကစားသမားအစုံအလင်ဖြင့် ပွဲထွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

အဲဗာတန်အသင်းကို ၃-၀ ဂိုးဖြင့်အနိုင်ရခဲ့သည့်ပွဲအပြီး အင်္ဂါနေ့နံနက်ပိုင်းတွင် ကစားသမားအစုံအလင်ဖြင့် လေ့ကျင့်ခန်းပြုလုပ်ခဲ့ခြင်းဖြစ်ပြီးဂိုးသမားဆဂျီယို ရိုမီယိုနှင့် ဗလင်စီယာတို့သည်လည်း လေ့ကျင့်ခန်းပြန်ဆင်းနိုင်ခဲ့ကြောင်းသိရသည်။

အဆိုပါကစားသမား ၂ ဦးမှာ ကမ္ဘာ့ဖလား(တောင်အမေရိကဇုန်)ခြေစစ်ပွဲအဖြစ် လက်ရွေးစင် အာဂျင်တီးနားနှင့် အီကွေဒေါအသင်းတို့အတွက် ပါဝင်ကစားပေးခဲ့ရသောကြောင့် အဲဗာတန်ကိုအနိုင်ရသည့်ပွဲတွင် အနားပေးခဲ့ပြီး ယခုအချိန်၌ ကြံ့ခိုင်မှုအပြည့်အ၀ ပြန်လည်ရရှိနေကြောင်း သိရသည်။

ပွဲထွက်လူစာရင်းနှင့်ပတ်သက်၍ နည်းပြဗန်ဟားလ်က”လုခ်ရှော၊ မက်နီရာနဲ့ အက်ရှ်လေယန်းတို့ကလွဲရင် ကျန်ကစားသမားအားလုံး ပွဲထွက်နိုင်ပါလိမ့်မယ်” ဟု ပြောကြားခဲ့သည်။
CSKA မော်စကိုနှင့်ယှဉ်ပြိုင်ရန် ရုရှားသို့ထွက်ခွာလာသည့် မန်ယူအသင်းလူစာရင်း
ဂိုး-ဒီဂီယာ၊ရိုမီယို၊ဆမ်ဂျွန်စတုန်း။
နောက်တန်း-ဘလင်း၊ဒါမီယံ၊ဖီးလ်ဂျုံးစ်၊ရိုဟို၊စမောလင်း၊ဗလင်စီယာ။
အလယ်တန်း-ကာရစ်၊ဟာရဲရား၊ပါရဲရား၊ရှနိုက်ဒါလင်၊ရှဝိန်းစတိုင်ဂျာ၊မာတာ၊လင်းဂတ်ဒ်၊ဒီပေး၊ဖယ်လိုင်နီ။
ရှေ့တန်း-မာရှယ်၊ရွန်နီ။

comments

error: Content is protected !!