မန်စီးတီး၏ ချန်ပီယံလိဂ်အတိတ်ကို စဉ်းစားနေမည်မဟုတ်ဟု ပယ်လီဂရီနီဖွင့်ဟ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
မိုချန်ဂလက်ဘတ်နှင့်ကစားခဲ့သော ချန်ပီယံလိဂ်ပွဲစဉ်တွင် ပယ်လီဂရီနီအားတွေ့ရစဉ်

မန်စီးတီးနည်းပြ ပယ်လီဂရီနီက ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ရလဒ်များဆိုးရွားခဲ့သည့် အတိတ်ကာလကို စဉ်းစားနေမည်မဟုတ်ကြောင်းနှင့် ဆီဗီလာနှင့်ယှဉ်ပြိုင်မည့် ပွဲအတွက်သာ အာရုံစိုက်ထားကြောင်း ပြောကြားခဲ့သည်။

မန်စီးတီးအသင်းသည် နည်းပြပယ်လီဂရီနီလက်အောက်တွင် ချန်ပီယံလိဂ်အိမ်ကွင်း ၉ ပွဲယှဉ်ပြိုင်ခဲ့ရာ၌ ၃ ပွဲသာအနိုင်ရခဲ့ပြီးနောက် ယခုနွေရာသီအပြောင်းအရွှေ့တွင် ပေါင် သန်း ၁၅၀ သုံးစွဲခဲ့သော်လည်း ဥရောပပြိုင်ပွဲများ၌ အောင်မြင်မှုရရှိရန် မလွယ်ကူကြောင်း သုံးသပ်ချက်များထွက်ပေါ်ခဲ့သည်။

အဆိုပါ ဝေဖန်သုံးသပ်မှုများနှင့် ပတ်သက်၍ နည်းပြပယ်လီဂရီနီက ”အချက်အလက်တွေကို ကျွန်တော်မသိဘူး။ ကျွန်တော်တို့ဟာ လက်ရှိပွဲအတွက်ပဲ အာရုံစိုက်နေပါတယ်။ အတိတ်ကို ပြန်မတွေးဘူး။ မတူညီတဲ့ ပြိုင်ဘက်တွေနဲ့ကစားမယ့်ပွဲမှာ အနိုင်ရဖို့ပဲ မျှော်လင့်တယ်။ ဘိုင်ယန်မြူးနစ်နဲ့တွေ့ခဲ့တဲ့ ပွဲတုန်းကဆိုရင် ပထမအကျော့မှာ ကျွန်တော်တို့ ခြေစွမ်းမပြနိုင်ဘူး။ ဒါပေမဲ့ ဒုတိယအကျော့မှာတော့ ဖိအားပေးနိုင်ခဲ့တယ်။ မတူညီတဲ့ ဘောလုံးရာသီတွေကို နှိုင်းယှဉ်ဖို့ဆိုတာ ခက်ခဲပါတယ်။ အိမ်ကွင်းရလဒ်တွေ ဘာဖြစ်ခဲ့တယ်ဆိုတာ ကျွန်တော်မသိဘူး။ အဲဒီအချက်အလက်တွေနဲ့ သမိုင်းကြောင်းတွေက အနိုင်၊ အရှုံးအတွက် အထောက်အပံ့ပေးမှာမဟုတ်ဘူး။ ဘယ်လိုနှိုင်းယှဉ်နေကြလဲဆိုတာတော့ ကျွန်တော်လည်း မသိတော့ဘူး” ဟု ပြောကြားခဲ့သည်။

ထို့နောက် ပယ်လီဂရီနီက တိုက်စစ်မှူးအဂူရို ၁ လခန့်အနားယူရမည်ဖြစ်သောကြောင့် ၎င်း၏နေရာတွင် ဘိုနီပွဲထွက်ခွင့်ရရှိမည်ဖြစ်သောကြောင့် အဆိုပါကစားသမားအနေဖြင့် ခြေစွမ်းပြရန်အချိန်ကောင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

comments

error: Content is protected !!