ကမ္ဘာ့အကောင်းဆုံးနည်းပြဆုထက် အသင်းရလဒ်ကောင်းရန် ပိုအရေးကြီးဟု ဘာစီလိုနာနည်းပြဆို

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
လေ့ကျင့်ရေးကွင်းတွင်တွေ့ရသည့် အန်းနရစ်

ဘာစီလိုနာနည်းပြ အန်းနရစ်က ၂၀၁၅ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံးနည်းပြ ပဏာမစာရင်းတွင် ပါဝင်ခဲ့သော်လည်း အသင်းရလဒ်ကောင်းရရှိရန် ပိုအရေးကြီးကြောင်း၊ အောင်မြင်မှုအထိုက်အလျောက် ရရှိခဲ့သော်လည်း တစ်ဦးချင်းအောင်မြင်မှုများအပေါ် စိတ်မ၀င်စားကြောင်း ဖွင့်ဟပြောကြားသွားခဲ့သည်။

လာလီဂါထိပ်သီး ဘာစီလိုနာနည်းပြ အန်းနရစ်သည် ပြီးခဲ့သည့် ၂၀၁၄-၁၅ ဘောလုံးရာသီတွင် ပြည်တွင်းဖလား ၃ လုံးအပြင် ချန်ပီယံလိဂ်တွင်ပါ အောင်မြင်မှုရရှိခဲ့သည့်အတွက် ယခုကဲ့သို့ ကမ္ဘာ့အကောင်းဆုံးနည်းပြ ပဏာမစာရင်းတွင် ပါဝင်ခဲ့ခြင်းဖြစ်သည်။

“ကမ္ဘာ့အကောင်းဆုံးဆုဆိုတာ အမြင့်ဆုံးအောင်မြင်မှုတွေ ရရှိခဲ့မှသာ ရရှိနိုင်မယ်လို့ ထင်ပါတယ်။ အသင်းရလဒ်က ပိုအရေးကြီးတဲ့အတွက် တစ်ဦးချင်းအောင်မြင်မှုတွေဘက်ကို အာရုံမစိုက်နိုင်တော့ပါဘူး။ အထူးသဖြင့် တစ်ဦးချင်းအောင်မြင်မှုတွေထက် အသင်းရလဒ်ကောင်းဖို့က ပိုအရေးကြီးပါတယ်” ဟု နည်းပြအန်းနရစ်က ဆိုသည်။

၂၀၁၅ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံးနည်းပြ ပဏာမစာရင်းတွင် ဥရောပချန်ပီယံ ဘာစီလိုနာအသင်းနည်းပြ အန်းနရစ်နှင့်အတူ  အယ်လီဂရီ၊ အန်စလော့တီ၊ လောရင့်ဘလန့်၊ ယူနိုင်းအမ်မရီ၊ ဂွါဒီယိုလာ၊ မော်ရင်ဟို၊ ဆမ်ပါအိုလီ၊ ဆီမြွန်နီနှင့် အာစင်ဝင်းဂါးတို့ ပါဝင်လျက်ရှိသည်။

comments

error: Content is protected !!