ချန်ပီယံလိဂ်တွင် ပေးဂိုးမရှိပွဲအများဆုံး ဂိုးသမားအဖြစ် ကာဆီးလက်စ် စံချိန်တင်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ချန်ပီယံလိဂ်တွင် ပေးဂိုးမရှိပွဲအများဆုံး စံချိန်ရှင် ကာဆီးလက်စ်

ပေါ်တိုဂိုးသမား ကာဆီးလက်စ်သည် ချန်ပီယံလိဂ်အုပ်စုပွဲစဉ်အဖြစ် အစ္စရေးကလပ် မက္ကာဘီတဲလ်အဗစ်နှင့် ပွဲစဉ်တွင် ပေးဂိုးမရှိအောင် စွမ်းဆောင်နိုင်ခဲ့သည့်အတွက် ဂိုးမပေးရသည့် ပွဲပေါင်း ၅၁ ပွဲ ရှိသွားပြီဖြစ်၍ ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် ဂိုးမပေးရသည့် ပွဲအရေအတွက်အများဆုံး ဂိုးသမားအဖြစ် စံချိန်သစ်တင်နိုင်ခဲ့ပြီဖြစ်သည်။

ချန်ပီယံလိဂ်ပြိုင်ပွဲတစ်လျှောက် ပွဲပေါင်း ၁၅၃ ပွဲဖြင့် ပွဲအများဆုံးစံချိန် တင်ထားခဲ့သည့် ကာဆီးလက်စ်သည် မန်ယူအသင်းနှင့်အတူ အောင်မြင်မှုများစွာရရှိခဲ့သည့် ဂိုးသမားဗန်ဒါဆား၏ ပွဲ ၅၀ စံချိန်အား ၅၁ ပွဲဖြင့် ချိုးဖျက်နိုင်ခဲ့ခြင်းဖြစ်သည်။

ကာဆီးလက်စ်သည် ၁၉၉၉-၂၀၀၀ ရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲစဉ်တွင် လာလီဂါပြိုင်ဘက် ဗလင်စီယာအသင်းအား ၃-၀ ဖြင့်အနိုင်ရရှိခဲ့သည့် ပွဲစဉ်၌ ပေးဂိုးမရှိစံချိန် စတင်နိုင်ခဲ့သူဖြစ်သည်။

လက်ရှိစံချိန်အရ ကာဆီးလက်စ်၏ နောက်တွင် ဗန်ယူဂိုးသမားဟောင်း ဗန်ဒါဆားက ပွဲ ၅၀ ဖြင့်လည်းကောင်း၊ ဘာစီလိုနာဂိုးသမားဟောင်း ဗက်ဒဲလ်စ်၊ အာဆင်နယ်ဂိုးသမား ပီတာချက်တို့က ၄၅ ပွဲစီဖြင့်လည်းကောင်း၊ ဂျူဗင်တပ်ဂိုးသမား ဘူဖွန်က ၃၇ ပွဲဖြင့်လည်းကောင်း အစဉ်လိုက်ရပ်တည်လျက်ရှိနေသည်။

comments

error: Content is protected !!