ကမ္ဘာ့ဖလားတွင် ပါဝင်နိုင်ရန် ကလပ်အသင်း၌ လက်စွမ်းပြလိုအပ်ဟု ဘူဖွန်ဆို

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ယူရိုခြေစစ်ပွဲကာလက အီတလီလေ့ကျင့်ရေးကွင်းတွင်တွေ့ရသည့် ဘူဖွန်

ဂျူဗင်တပ်ဂိုးသမား ဘူဖွန်က ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် လက်ရွေးစင်အသင်းတွင် ရွေးချယ်ခံရရန်အတွက် ကလပ်အသင်းတွင် လက်စွမ်းပြကစားရန် လိုအပ်ကြောင်း၊ ကမ္ဘာ့ဖလားအပြီးတွင် ကစားသမားဘ၀အဖြစ်မှ အနားယူရရန် ပြင်ဆင်ထားပြီးဖြစ်ကြောင်း ဖွင့်ဟပြောကြားသွားခဲ့သည်။

၂၀၁၅ ခုနှစ်တွင် ဂျုဗင်တပ်နှင့်အတူ အောင်မြင်မှုများစွာရရှိခဲ့သော်လည်း  ကမ္ဘာ့အကောင်းဆုံးကစားသမား ပဏာမ ၂၃ ဦး စာရင်းတွင် ပါဝင်ခဲ့ခြင်းမရှိသည့် ဂိုးသမားဘူဖွန်သည် အသင်းအတွက် ပွဲချိန်အများဆုံးကစားထားသည့် တိုက်စစ်မှူးဟောင်း ဒယ်ပီယာရို၏ ၄၈၈၆၇ မိနစ်စံချိန်အား မန်စီးတီးနှင့်ကစားရမည့် ချန်ပီယံလိဂ်ပွဲစဉ်တွင် ချိုးဖျက်နိုင်မည်ဖြစ်သည်။

“ကလပ်အသင်းနဲ့အတူ ခြေစွမ်းပြကစားနိုင်မှသာ လက်ရွေးစင်ကစားသမားဘ၀ကို မျှော်လင့်နိုင်မှာပါ။ ဂျူဗင်တပ်အတွက် အကောင်းဆုံး ကစားပြနိုင်ခဲ့မယ်ဆိုရင် နည်းပြကွန်တီရဲ့ ယုံကြည်မှုရရှိမယ်လို့ ယုံကြည်ထားပါတယ်။ ကစားသမားဘ၀ နောက်ဆုံးအချိန်က၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ ဖြစ်လာဖို့ များပါတယ်”ဟု ဘူဖွန်က ဆိုသည်။

ရုရှားနိုင်ငံတွင် အိမ်ရှင်အဖြစ် ကျင်းပမည့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဥရောပဇုန်ခြေစစ်ပွဲစဉ်များကို ၂၀၁၆ စက်တင်ဘာလအတွင်း စတင်ကျင်းပမည်ဖြစ်ပြီး အီတလီအသင်းမှာ အုပ်စု(ဆ)တွင် အယ်လ်ဘေးနီးယား၊ မက်ဆီဒိုးနီးယား၊ အစ္စရေး၊ လက်ချင်စတိန်း၊ စပိန်တို့နှ။င့် အုပ်စုအဆင့်ခြေစစ်ပွဲများ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အဖွင့်ပွဲစဉ်အဖြစ် စက်တင်ဘာ ၆ ရက်တွင် အစ္စရေးအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

comments

error: Content is protected !!