ထမ်းစင်သယ်တဲ့ ဆေးအကူအဖွဲ့ကြောင့် အခြေအနေပိုဆိုးသွားတဲ့ ဒဏ်ရာရကစားသမား

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ထမ်းစင်ဖြင့်သယ်ထုတ်ခံရချိန် ကော့တ်ရစ်၏ဒုက္ခများ

ဒီရာသီအစမှာ မော်ရင်ညိုတစ်ယောက် သူ့အသင်းဆေးအဖွဲ့ကို မကျေနပ်လို့ ဟိုးလေးတစ်ကျော်ဖြစ်ခဲ့ဖူးပေမယ့် အဲဒီချဲလ်ဆီးနည်းပြဟာ ဂရိဒုတိယတန်းကလပ်တစ်ခုကိုတော့ နည်းပြအဖြစ် တာဝန်ယူဖို့ လုံးဝလက်မခံရဲမှာသေချာပါတယ်။

လာရီဆာနဲ့ အာဂိုတီလစ်တို့ယှဉ်ပြိုင်တဲ့ ဂရိဒုတိယတန်းပွဲစဉ်တစ်ပွဲမှာ ဒဏ်ရာရသွားတဲ့ကစားသမားတစ်ယောက်ကို ကျွမ်းကျင်မှုမရှိတဲ့ ဆေးအကူအဖွဲ့ဝင်တွေက ကွင်းပြင်သယ်ထုတ်ရာမှာ ဖြစ်ပျက်ခဲ့တဲ့အဖြစ်တစ်ခုက ရယ်စရာအဖြစ် နာမည်ကျော်နေပါတယ်။

အာဂိုတီလစ်ကွင်းလယ်လူ လီယိုနာဒိုကော့တ်ရစ်ဟာ ဒဏ်ရာရပြီးနောက် ကွင်းပြင်ကို ထမ်းစင်နဲ့သယ်ထုတ်ခံရချိန်မှာ ကျန်းမာရေးအသိ၊ လုံခြုံရေးအသိမရှိတဲ့ လူ ၂ ယောက်ကြောင့် ထမ်းစင်ပေါ်ကနေ ၂ ကြိမ်တိုင် ပြုတ်ကျပြီး နာကျင်မှုတွေ ပိုခံစားခဲ့ရပါတယ်။

အဲဒီဆေးအကူအဖွဲ့ဝင် ၂ ယောက်က ကော့တ်ရစ်ဟာ ဒဏ်ရာတကယ်မရဘဲ နိုင်နေတဲ့သူ့အသင်းအတွက် အချိန်ဖြုန်းနေတာလို့ထင်တဲ့အတွက် ကစားသမားကို ကွင်းထဲကနေ အမြန်ထုတ်ရာကနေ အွန်လိုင်းပေါ်မှာ နာမည်ကျော်ရယ်စရာအဖြစ် ဖြစ်သွားပါတယ်။

သူတို့က အမြန်အဆန်သယ်ထုတ်ခဲ့လို့ ကော့တ်ရစ်တစ်ယောက် ထမ်းစင်ပေါ်ကနေ ၁ ကြိမ်မဟုတ်ဘဲ ၂ ကြိမ်တိုင်ပြုတ်ကျခဲ့ပြီး သူပါလာတဲ့ထမ်းစင်ကို ဂိုးစည်းအပြင်ဘက်မှာ ပစ်မချခင် ထမ်းစင်သယ်သူတစ်ယောက် ချော်လဲပြီး ခြေထောက်ကို တက်နင်းတာ ခံလိုက်ရပါသေးတယ်။

ဗီဒီယိုဖိုင်ကြည့်ရန် – https://www.youtube.com/watch?v=_zHNGtGLjrQ

comments

error: Content is protected !!