မီးရှူးမီးပန်းများကြောင့် ပရိသတ်အချို့ ဒဏ်ရာရရှိခဲ့၍ အက်သလက်တီကို၊ ဘင်ဖီကာတို့ ပြစ်ဒဏ်ချမှတ်ခံရ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ဘင်ဖီကာပရိသတ်များ ပစ်လွှတ်လိုက်သည့် မီးရှူးမီးပန်းများကို ငြိမ်းသတ်နေသည့် လုံခြုံရေးများ

ချန်ပီယံလိဂ်အုပ်စုပွဲစဉ်အဖြစ် အက်သလက်တီကို-ဘင်ဖီကာပွဲစဉ်တွင် မီးရှူးမီးပန်းများပစ်လွှတ်ခဲ့သည့် ဘင်ဖီကာပရိသတ်များ၏လုပ်ရပ်ကြောင့် ပရိသတ်အချို့ ဒဏ်ရာရရှိခဲ့ခြင်းအတွက် ယူအီးအက်ဖ်အေက ပြစ်ဒဏ်များချမှတ်ခဲ့ပြီး အက်သလက်တီကိုမှာလည်း လုံခြုံရေးလျော့ရဲခဲ့သည့်အတွက် ယူရို ၁၁၀၀၀ ပေးဆောင်ရန် ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည်။

ယင်းပွဲစဉ်၌ မီးရှူးမီးပန်းများပစ်လွှတ်ခဲ့သည့် ပရိသတ်များ၏ လုပ်ရပ်ကြောင့် ဘင်ဖီကာအသင်းမှာ သတိပေးခြင်းခံခဲ့ရသည့်အပြင် အိမ်ကွင်းပွဲစဉ်တစ်ပွဲအား ကွင်းပိတ်ကစားရမည့်ပြစ်ဒဏ်နှင့်အတူ ဒဏ်ငွေ ယူရို ၂၀၀၀၀ ပေးဆောင်ရန် ယူအီးအက်ဖ်အေ စည်းကမ်းထိန်းသိမ်းရေးကော်မတီက ပြစ်ဒဏ်ချမှတ်ခြင်းကိုလည်း ခံခဲ့ရသည်။

ဘင်ဖီကာအသင်း အနိုင်ရရှိခဲ့သည့် အဆိုပါပွဲစဉ်တွင် ဘင်ဖီကာပရိသတ်များ အားပေးနေသည့် ပွဲကြည့်စင်ဘက်မှ ပစ်လွှတ်လိုက်သည့် မီးရှူးမီးပန်းကြောင့်  အက်သလက်တီကိုပရိသတ်အချို့ မီးလောင်ဒဏ်ရာရရှိခဲ့ပြီး ၂ နှစ်အရွယ်ရှိ အက်သလက်တီကိုပရိသတ် ကလေးငယ်တစ်ဦးမှာလည်း မီးလောင်ဒဏ်ရာအချို့ရရှိခဲ့၍ ယခုကဲ့သို့ ပြစ်ဒဏ်များချမှတ်ခံခဲ့ရခြင်းဖြစ်သည်။

comments

error: Content is protected !!