ဆုဖလားအားလုံး သိမ်းပိုက်နိုင်ခြေရှိသေးသည်ဟု မော်ရင်ညိုပြောကြား

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ဗီလာနှင့်ပွဲတွင် ကွင်းဘေးမှညွှန်ကြားနေသည့် မော်ရင်ညို

ချဲလ်ဆီးနည်းပြမော်ရင်ညိုက ဘောလုံးရာသီမကုန်ဆုံးမီကာလအတွင်း ချန်ပီယံလိဂ်ပြိုင်ပွဲအပါအ၀င် ပရီးမီးယားလိဂ်၊ အက်ဖ်အေနှင့် Capital One ဖလားတို့၌ ချန်ပီယံဖြစ်ခွင့်ရှိသေးကြောင်း ပြောကြားခဲ့သည်။

ချဲလ်ဆီးအသင်းမှာ ရလဒ်ဆိုးများနှင့် ယခုဘောလုံးရာသီကို ဖြတ်သန်းနေရသော်လည်း ချန်ပီယံလိဂ်အုပ်စုပွဲစဉ်အဖြစ် ဒိုင်နမိုကိဗ်နှင့်ယှဉ်ပြိုင်မည့်ပွဲတွင် ပြန်လည်ခြေစွမ်းပြနိုင်ရန် ပြင်ဆင်ထားကြောင်း မော်ရင်ညိုက ပြောကြားခဲ့သည်။

မော်ရင်ညိုက ”ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ကျွန်တော်တို့ထွက်ခွာရမယ်လို့ မထင်ဘူး။ ပရီးမီးယားလိဂ်အတွက်လည်း အောက်တိုဘာလထဲမှာ ထင်ထင်ရှားရှားဖြစ်လာလိမ့်မယ်။ ကျွန်တော်တို့ ၄ ပွဲလုံးအနိုင်ရနိုင်သလို ၄ ပွဲလုံးလည်း ရှုံးသွားနိုင်တယ်။ ဒီပြိုင်ပွဲက အရမ်းကိုခက်တဲ့ပြိုင်ပွဲပါ”ဟု ပြောကြားခဲ့သည်။

ထို့အပြင်အဆိုပါနည်းပြက ဗီလာနှင့်ပွဲ၌ ပွဲထွက်လူစာရင်းမှချန်လှပ်ခံခဲ့ရသော ဟာဇက်ကို ချန်ပီယံလိဂ်ပွဲအဖြစ် ဒိုင်နမိုကိဗ်နှင့်ယှဉ်ပြိုင်မည့်ပွဲတွင် ပြန်လည်ထည့်သွင်းရန်ရှိ၊ မရှိကို ပြောကြားရန်ငြင်းဆန်သွားကြောင်း သိရသည်။

comments

error: Content is protected !!