ရလဒ်ဆိုးများကြောင့် လက်စ်ပါးမက်နည်းပြ ပါကိုဟာရဲရား ရာထူးမှထုတ်ပယ်ခံရ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
သတင်းစာရှင်းလင်းပွဲတွင်တွေ့ရသည့် ဟာရဲရား

စပိန်လာလီဂါ တန်းတက်အသင်းသစ်ဖြစ်သည့် လက်စ်ပါးမက်အသင်းတာဝန်ရှိသူများသည် ရာသီအစရလဒ်ဆိုးများကြောင့် နည်းပြဖြစ်သူ ပါကိုဟာရဲရားအား ရာထူးမှထုတ်ပယ်ခဲ့ပြီဖြစ်ကြောင်း၊ လာလီဂါတွင် ဆက်လက်ကစားခွင့်ရရှိရေးအတွက် နည်းပြသစ်အား စိစစ်ခန့်အပ်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

ပါကိုဟာရဲရားသည် ယခုနှစ် လာလီဂါပွဲစဉ်-၈ အပြီးအထိ ဆီဗီလာတစ်သင်းတည်းကိုသာ အနိုင်ရရှိခဲ့ပြီး  ဘာစီလိုနာ၊ အက်သလက်တီကို၊ အိုင်ဘာ၊ ဂီတာဖေးအသင်းတို့နှင့် ပွဲစဉ်များတွင် ရလဒ်ကောင်းရရှိအောင် စွမ်းဆောင်နိုင်ခဲ့ခြင်းမရှိသဖြင့် ယခုကဲ့သို့ ရာထူးမှထုတ်ပယ်ခံခဲ့ရခြင်းဖြစ်သည်။

ဟာရဲရားအား ရာထူးမှထုတ်ပယ်ခဲ့ခြင်းနှင့် ပတ်သက်၍ လက်စ်ပါးမက်စ်က သတင်းထုတ်ပြန်ခဲ့ရာတွင် လက်စ်ပါးမက်အတွက် စွမ်းဆောင်ပေးခဲ့သည်များကို ကျေးဇူးတင်ရှိပါကြောင်း၊ အသင်းရလဒ်ကောင်းရရှိရေးနှင့် ပရိသတ်အတွက် ခက်ခဲသည့် ဆုံးဖြတ်ချက်ချမှတ်ခဲ့ရခြင်းဖြစ်ကြောင်း၊ အသင်းအတွက် ဂန္ထ၀င်နည်းပြတစ်ဦးအဖြစ် မှတ်တမ်းဝင်ခဲ့သည့် နည်းပြတစ်ဦးအနေဖြင့် အနာဂတ်တွင် အောင်မြင်မှုများရရှိရန် ဆုတောင်းပေးပါကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။

အမှတ်ပေးဇယား အဆင့်-၁၉ နေရာတွင် ရပ်တည်နေသည့် လက်စ်ပါးမက်အသင်းမှာ လာမည့်နိုဝင်ဘာလအတွင်း အမှတ်ပေးဇယား ထိပ်ပိုင်းအသင်းများဖြစ်သည့် ဗီလာရီးရဲလ်၊ ရီးရဲလ်မက်ဒရစ်၊ ဆိုစီဒက်၊ ဗလင်စီယာအသင်းများနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ပွဲကျပ်ကာလအဖြစ် ဖြတ်သန်းရမည်ဖြစ်သည်။

comments

error: Content is protected !!