အင်တာမီလန်အသင်းနှင့် အင်္ကျီစပွန်ဆာ ချုပ်ဆိုခဲ့သည်ဆိုသော သတင်းများကို အီတီဟတ်လေကြောင်းလိုင်း ငြင်းဆန်ခဲ့

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
အင်တာမီလန်အသင်း ရှယ်ယာရှင်အစည်းအဝေးကျင်းပနေစဉ်

ယူအေအီးလေကြောင်းလိုင်း အီတီဟတ်သည် စီးရီးအေထိပ်သီး အင်တာမီလန်အသင်းနှင့် အင်္ကျီစပွန်ဆာစာချုပ် ချုပ်ဆိုခဲ့သည်ဆိုသော သတင်းများမှာ မဟုတ်မှန်ကြောင်း၊ လေကြောင်းလိုင်းအနေဖြင့် အင်တာမီလန်နှင့် စပွန်ဆာကိစ္စ ဆွေးနွေးခဲ့ခြင်းမရှိကြောင်း ငြင်းဆန်ခဲ့သည်။

အစောပိုင်းကာလတွင်  အင်တာမီလန်အသင်းက အီတီဟတ်လေကြောင်းလိုင်းနှင့် ပေါင် ၁၂၅ သန်းတန် အင်္ကျီစပွန်ဆာစာချုပ် လက်မှတ်ရေးထိုးခဲ့ပြီဖြစ်ကြောင်း အီတလီမီဒီယာများက ဖော်ပြခဲ့ပြီးနောက် အီတီဟတ်ကုမ္ပဏီက ယခုကဲ့သို့ ပြန်လည်ငြင်းဆိုခဲ့ခြင်းဖြစ်သည်။

အီတီဟတ်လေကြောင်း၏ ထုတ်ပြန်ချက်တွင် ထွက်ပေါ်နေသည့် သတင်းများမှာ ထင်မြင်ချက်တစ်ခုအပေါ် ရေးသားဖော်ပြထားသည့် သတင်းများဖြစ်ကြောင်း၊ ကုမ္ပဏီအနေဖြင့် အင်တာမီလန်အသင်းနှင့်ညှိနှိုင်းဆွေးနွေးခဲ့ခြင်းမရှိကြောင်းနှင့် အီတီဟတ်ဖောင်ဒေးရှင်း၏ အတည်ပြုချက်ပါဝင်ခြင်းမရှိဘဲ သတင်းထွက်ပေါ်လာခဲ့ခြင်းဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။

အင်တာမီလန်အသင်း၏ လက်ရှိအင်္ကျီစပွန်ဆာဖြစ်သည့် Pirelli ကုမ္ပဏီသည် ကာလရှည်ကြာ လက်တွဲခဲ့ရာမှ ယခုရာသီကုန်တွင် အသင်းနှင့် လမ်းခွဲဖွယ်ရှိနေသည်ဟု သတင်းများထွက်ပေါ်ခဲ့ပြီးနောက် ဥက္ကဋ္ဌဖြစ်သူ အဲရစ်သိုဟာအနေဖြင့် စပွန်ဆာကုမ္ပဏီအချို့နှင့် ညှိနှိုင်းဆွေးနွေးရန် ပြင်ဆင်နေချိန်တွင် အီတီဟတ်လေကြောင်းလိုင်းနှင့် သဘောတူညီမှုရရှိခဲ့ပြီဟု သတင်းများထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

comments

error: Content is protected !!