ချဲလ်ဆီးကစားသမား ကော်ဒရာဒိုအား အပြီးသတ်ခေါ်ယူရန် ဂျူဗင်တပ်သဘောတူညီမှုရရှိခဲ့

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
စီးရီးအေပွဲစဉ်တစ်ပွဲတွင် တိုက်စစ်ဆင်နေသည့် ကွာဒရာဒို

စီးရီးအေချန်ပီယံ ဂျူဗင်တပ်အသင်းသည် ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးမှ အငှားစာချုပ်ဖြင့် လာရောက်ကစားနေသည့် ကိုလံဘီယာလက်ရွေးစင် တောင်ပံကစားသမား ကွာဒရာဒိုအား အပြီးသတ်ခေါ်ယူရန် သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း Gazzetta dello Sport က ဖော်ပြခဲ့သည်။

ချဲလ်ဆီးသည် တောာင်ပံကစားသမား ကွာဒရာဒိုအား ပြီးခဲ့သည့် ၂၀၁၄-၁၅ ဆောင်းရာသီအပြောင်းအရွှေ့တွင် ဖီအိုရင်တီးနားအသင်းထံမှ ယူရို ၂၅ သန်းဖြင့် ခေါ်ယူခဲ့ပြီး ၎င်းကစားသမားမှာ ပရီးမီးယားလိဂ်တွင် ခြေစွမ်းပြနိုင်ခဲ့ခြင်းမရှိ၍ ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့က ဂျူဗင်တပ်အသင်းသို့ ၁ ရာသီအငှားစာချုပ်ဖြင့် စေလွှတ်ခဲ့သည်။

ဂျူဗင်တပ်အသင်းတာဝန်ရှိသူများသည် ချဲလ်ဆီးအသင်းနှင့် ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်ခဲ့ရာတွင် သဘောတူညီမှုရရှိခဲ့ပြီးနောက် လာမည့်ဆောင်းရာသီအပြောင်းအရွှေ့ဈေးကွက်တွင် ယူရို ၂၂ သန်းဖြင့် ၎င်းအား အပြီးသတ်ခေါ်ယူရန် သဘောတူညီခဲ့ကြောင်း သိရှိရသည်။

တောင်ပံကစားသမား ကွာဒရာဒိုသည် ယခုဘောလုံးရာသီ စီးရီးအေပွဲစဉ်များတွင် ပွဲစဉ်တိုင်း ပွဲထွက်ကစားခွင့်ရရှိထားပြီး ခြေစွမ်းပြကစားနိုင်ခဲ့၍ ဂျူဗင်တပ်တာဝန်ရှိသူများက အပြီးသတ်ခေါ်ယူခဲ့ခြင်းဖြစ်သည်။

comments

error: Content is protected !!