ကစားသမားဘ၀မှ အနားယူပြီဖြစ်ကြောင်း ဆစ်ဆီအတည်ပြု

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ဒီဂျေပါတီတစ်ခုတွင်တွေ့ရသည့် ဆစ်ဆီ

ပရီးမီးယားလိဂ်ထိပ်သီး လီဗာပူးအသင်းနှင့်အတူ အောင်မြင်မှုများစွာရရှိခဲ့ဖူးသည့် ပြင်သစ်လက်ရွေးစင်ဟောင်းဖြစ်သူ ဆစ်ဆီသည် အသက်အရွယ်ကြောင့် ကစားသမားဘ၀မှ အနားယူတော့မည်ဖြစ်ကြောင်း၊ ကစားသမားဘ၀တစ်လျှောက် ကြုံတွေ့ခဲ့သည့် အနိမ့်အမြင့်အလိုက် ဆုံတွေ့ခဲ့သည့် အသင်းဖော်ဟောင်းများအားလုံးကို နှုတ်ဆက်ရမည့်အချိန် ရောက်ရှိခဲ့ပြီဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။

အသက်၃၄နှစ်အရွယ်ရှိ ဥရောပထိပ်တန်းတိုက်စစ်မှူးတစ်ဦးဖြစ်သူ ဆစ်ဆီသည် ပြင်သစ်လက်ရွေးစင်အသင်းအတွက် ၄၈ ပွဲပါဝင်ကစားပေးခဲ့ပြီး ပရီးမီးယားလိဂ်အသင်းများ ဖြစ်သည့် လီဗာပူး၊ ဆန်းဒါးလန်း၊ ကျူပီအာအသင်းများအပါအ၀င် ကလပ်အသင်းပေါင်း ၁၂ သင်း၌ ကစားခဲ့ဖူးသူဖြစ်သည်။

“ကစားသမားဘ၀တစ်လျှောက် ကြုံတွေ့ခဲ့တဲ့ အခြေအနေတွေက တကယ်ကို အမှတ်တရပါပဲ။ လက်ရှိအချိန်က အသင်းဖော်တွေကို နှုတ်ဆက်ရမယ့်အချိန် ရောက်ရှိနေပါပြီ။ အနားယူဖို့ဆုံးဖြတ်ခဲ့တာက ကစားသမားဘ၀တစ်လျှောက် အခက်အခဲဆုံး အနေအထားတစ်ခုလို့ ပြောလို့ရပါတယ် ” ဟု ဆစ်ဆီက ဆိုသည်။

လက်ရှိအချိန်တွင် ဘက်စတီယာအသင်းသားအဖြစ် ကစားသမားဘ၀ နောက်ဆုံးအချိန်အား ဖြတ်သန်းနေသည့် ဆစ်ဆီသည် ပြင်သစ်ကလပ်အော်ဇေးတွင် ကစားသမားဘ၀စတင်ခဲ့ပြီး လီဗာပူးနှင့်အတူ ၂၀၁၅ ဥရောပချန်ပီယံလိဂ်ဖလား ရယူနိုင်ခဲ့ဖူးသူဖြစ်ပြီး ပြင်သစ်လိဂ်တွင် ကစားခဲ့စဉ်ကလည်း ထိပ်တန်းဂိုးသွင်းရှင်တစ်ဦးအဖြစ် ရပ်တည်နိုင်ခဲ့သည်။

comments

error: Content is protected !!