ကာတာလန်ဒေသ အလံများဖြင့် အောင်ပွဲခံခဲ့သည့်အတွက် ပြစ်ဒဏ်ချမှုအား ဘာစီလိုနာအယူခံဝင်မည်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ချန်ပီယံလိဂ်ချန်ပီယံအသင်းကို ကြိုဆိုခဲ့ကြသည့် ဘာစီလိုနာပရိသတ်များ

ဘာစီလိုနာပရိသတ်များသည် ပြီးခဲ့သည့် ၂၀၁၄-၁၅ ချန်ပီယံလိဂ်ဗိုလ်လုပွဲစဉ်တွင် ဂျူဗင်တပ်အသင်း အားအနိုင်ရရှိခဲ့သည့်ပွဲစဉ်၌ ကာတာလန်ဒေသ ခွဲထွက်ရေးအလံများဖြင့် အောင်ပွဲခံခဲ့သည့်အတွက် ယူအီးအက်ဖ်အေက ဒဏ်ငွေ ပေါင်၂၉၀၀၀ ပေးဆောင်ရန် ပြစ်ဒဏ်ချမှတ်ခံခဲ့ရခြင်းအား အယူခံဝင်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

ယင်းကဲ့သို့ ပြစ်ဒဏ်ချမှတ်ခံရသည့်အပေါ် ဘာစီလိုနာတာဝန်ရှိသူများက လက်မခံကြောင်း ပြန်လည်တုံ့ပြန်ခဲ့ပြီး စပိန်နိုင်ငံမှခွဲထွက်ရန် ပြင်ဆင်နေသည့် ကာတာလန်အခြေစိုက်  အသင်းတစ်သင်းဖြစ်နေသည့်အတွက် အသင်းပရိသတ်များ၏ အားပေးမှုအပေါ် လက်ခံကြောင်းနှင့် ကာတာလန်ဒေသအတွက် ဂုဏ်ယူလိုသဖြင့် ပရိသတ်များက ဒေသကိုယ်စားပြုအလံများဖြင့် အောင်ပွဲခံခဲ့ခြင်းဖြစ်ကြောင်း ဘာစီလိုနာဥက္ကဋ္ဌက မှတ်ချက်ပြုပြောကြားခဲ့သည်။

ပြစ်ဒဏ်ချမှတ်ခံရခြင်းနှင့် ပတ်သက်၍ ဘာစီလိုနာဒုဥက္ကဋ္ဌ ဂျော်ဒီမက်စတီရီက “ပြစ်ဒဏ်က တကယ်ကိုမဖြစ်သင့်တဲ့ အခြေအနေပါ။ ယူအီးအက်ဖ်အေရဲ့ ပြစ်ဒဏ်အပေါ် လက်မခံသလို နိုင်ငံတကာအားကစားခုံရုံးကတစ်ဆင့် အယူခံဝင်ဖို့ ပြင်ဆင်နေပါပြီ။ ဘာစီလိုနာအသင်းက ကာတာလန်ဒေသမှာ အခြေစိုက်နေတဲ့အသင်းဖြစ်လို့ အသင်းနဲ့ ပရိသတ်က ခွဲခြားလို့မရတဲ့ ပုံရိပ်တွေဆိုတာ ယူအီးအက်ဖ်အေ စည်းကမ်းထိန်းသိမ်းရေး တာဝန်ရှိသူတွေ သိထားသင့်ပါတယ်” ဟု ဆိုသည်။

comments

error: Content is protected !!