ချန်ပီယံလိဂ် ရီးရဲလ်လူစာရင်းတွင် ဂါရတ်ဘေးလ်နှင့် ဘန်ဇီမာတို့ ဒဏ်ရာကြောင့် ပါဝင်ခြင်းမရှိ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ဘန်ဇီမာနှင့် ဂါရတ်ဘေးလ်အား လာလီဂါပွဲစဉ်တစ်ပွဲတွင် အတူတွေ့ရစဉ်

စပိန်ထိပ်သီး ရီးရဲလ်အသင်းသည် ပြင်သစ်ကလပ် ပီအက်စ်ဂျီနှင့် ယှဉ်ပြိုင်ကစားရမည့် ချန်ပီယံလိဂ်အုပ်စုပွဲစဉ်အတွက် လူစာရင်းထုတ်ပြန်ခဲ့ရာ အဓိကကစားသမားများဖြစ်သည့် တောင်ပံကစားသမား ဂါရတ်ဘေးလ်နှင့် တိုက်စစ်မှူး ဘန်ဇီမာတို့မှာ ဒဏ်ရာပြဿနာများ ရှိနေသည့်အတွက် အသင်းလူစာရင်းမှ ချန်လှပ်ခြင်းခံခဲ့ရသည်။

တောင်ပံကစားသမား ဂါရတ်ဘေးလ်အနေဖြင့် လီဗန်တေးအား အနိုင်ရရှိခဲ့သည့်ပွဲစဉ်တွင် ကြွက်သားဒဏ်ရာရရှိခဲ့ခြင်းကြောင့် ရက်သတ္တပတ် ၂ ပတ်ခန့်အထိ အနားယူရမည်ဟု အသင်းဆေးအဖွဲ့က အတည်ပြုခဲ့ပြီး တိုက်စစ်မှူး ဘန်ဇီမာကမူ နိုင်ငံတကာခြေစမ်းပွဲစဉ်တွင် ရရှိခဲ့သည့် တံကောက်ကြောဒဏ်ရာကြောင့် ပီအက်စ်ဂျီနှင့်ပွဲ လူစာရင်းမှ ချန်လှပ်ခြင်းခံခဲ့ရသည်။

ရီးရဲလ်နည်းပြ ဘင်နီတက်ဇ်သည် ဒဏ်ရာရ ထိုကစားသမားများနေရာတွင်လူငယ်ကစားသမားအချို့အား ရွေးချယ်ခဲ့ပြီး ပီအက်စ်ဂျီနှင့်ပွဲစဉ်တွင် တိုက်စစ်နေရာအတွက် ရော်နယ်ဒိုနှင့် ရိုဒရီဂွက်ဇ်တို့အား အသုံးပြုဖွယ်ရှိနေသည်။

comments

error: Content is protected !!