လီဝမ်ဒေါစကီးကိုထိန်းချုပ်ပြီး အာဆင်နယ်ခြေစွမ်းပြနိုင်မည်ဟု အာစင်ဝင်းဂါး ယုံကြည်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ချန်ပီယံလိဂ်အကြို လေ့ကျင့်ရေးကွင်းမှ အာစင်ဝင်းဂါး

ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ယနေ့ညတွင်ယှဉ်ပြိုင်ကစားမည့် ဘိုင်ယန်မြူးနစ်နှင့်ပွဲတွင် တိုက်စစ်မှူးလီဝမ်ဒေါစကီးကို ထိန်းချုပ်၍ အာဆင်နယ်အသင်းခြေစွမ်းပြနိုင်မည်ဟု ယုံကြည်ကြောင်း အာဆင်နယ်နည်းပြအာစင်ဝင်းဂါးက ပြောကြားခဲ့သည်။

အာဆင်နယ်အသင်းမှာ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဘိုင်ယန်မြူးနစ်နှင့် တွေ့ဆုံခဲ့ရာ၌ အိမ်ကွင်းနောက်ဆုံး ၂ ကြိမ်ဆက် ဂိုးပြတ်အရေးနိမ့်ထားသည်။

သို့သော် ယနေ့ညယှဉ်ပြိုင်မည့်ပွဲတွင် ပရီးမီးယားလိဂ်တွင် ရရှိနေသော ခြေစွမ်းအတိုင်း ဘိုင်ယန်မြူးနစ်ကို ဖိအားပေးနိုင်မည်ဟု ယုံကြည်ကြောင်း အာစင်ဝင်းဂါးက ပြောကြားခဲ့သည်။

အာစင်ဝင်းဂါးက ”ပရီးမီးယားလိဂ်မှာ အာရုံစူးစိုက်ပြီး ကျွန်တော်တို့အသင်း ပုံမှန်ခြေစွမ်းပြနေပါတယ်။ အခုကစားမယ့် ဘိုင်ယန်နဲ့ပွဲမှာလည်း ဒီလိုခြေစွမ်းပြနိုင်ဖို့လိုတယ်ဆိုတာ ကျွန်တော်တို့အသိပါ။ ကျွန်တော်တို့ဟာ ဘိုင်ယန်မြူးနစ်နဲ့ အကြိမ်ကြိမ်ကစားခဲ့ဖူးပါတယ်။ နောက်ဆုံးတွေ့ခဲ့တဲ့ပွဲကလို အကောင်းဆုံးကစားပြီး သူတို့ကိုဖိအားပေးသွားမှာပါ။ သမိုင်းကြောင်းတွေကို ကြည့်နေဖို့မလိုပါဘူး။ ဒီပွဲ ခြေစွမ်းကောင်းဖို့ပဲ အရေးကြီးတာပါ။ အဲဒီသမိုင်းကြောင်းတွေနဲ့ ပြိုင်ပွဲယှဉ်ပြိုင်လို့မရဘူး” ဟု ပြောကြားခဲ့သည်။

comments

error: Content is protected !!