မန်စီးတီးတိုက်စစ်မှူးအဂူရို ၁ လခန့်အနားယူရဦးမည်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
အီကွေဒေါနှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ဒဏ်ရာရရှိခဲ့သည့် အဂူရို

အာဂျင်တီးနားအသင်းအတွက် ကမ္ဘာ့ဖလားခြေစစ်ပွဲကစားပေးခဲ့ရာတွင် ခြေသလုံးကြွက်သားဒဏ်ရာ ရရှိခဲ့သောတိုက်စစ်မှူးအဂူရိုမှာ ၁ လခန့် အနားယူရဦးမည်ဖြစ်ကြောင်း မန်စီးတီးအသင်းက အတည်ပြုထုတ်ပြန်ခဲ့သည်။

အဆိုပါဒဏ်ရာကြောင့် ဆီဗီလာနှင့်ယှဉ်ပြိုင်မည့် ချန်ပီယံလိဂ်ပွဲစဉ်ကို အဂူရိုလွဲချော်မည်ဖြစ်သည့်အပြင် ကွင်းလယ်ဖန်တီးရှင် ဆေးလ်ဗား၊ ဒီလပ်နှင့် ကလစ်ချီတို့သည်လည်း လာမည့်ရက်သတ္တပတ်တွင်မှ ကြံ့ခိုင်မှုအပြည့် ပြန်လည်ရရှိမည်ဖြစ်သောကြောင့် လွဲချော်မည်ဖြစ်ကြောင်း နည်းပြပယ်လီဂရီနီက အတည်ပြုပြောကြားခဲ့သည်။

မန်စီးတီးနည်းပြပယ်လီဂရီနီက ”အဂူရိုက ၁ လလောက်နားရဦးမှာပါ။ နောက်တစ်ပတ်ထဲမှာတော့ ကလစ်ချီ၊ ဒီလပ်နဲ့ ဆေးလ်ဗားတို့ ကြံ့ခိုင်မှုပြန်ရလာနိုင်တယ်” ဟု ပြောကြားခဲ့သည်။

ထို့အပြင် ပယ်လီဂရီနီက ၂၀၁၅ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု ပဏာမစာရင်းတွင် အဂူရိုရွေးချယ်ခံရခြင်းနှင့်ပတ်သက်၍ ”ပဏာမစာရင်းမှာ အဂူရိုပါဝင်လာတာ အံ့သြစရာမဟုတ်ပါဘူး။ အံ့သြစရာကောင်းတာက ဒီဆုကို အဂူရို တစ်ကြိမ်မှမဖူးသေးတာပါပဲ”ဟု ပြောကြားခဲ့သည်။

comments

error: Content is protected !!