မန်စီးတီးမှထွက်ခွာမည်ဆိုသော သတင်းများအပေါ် ယာယာတိုရေး ပြင်းပြင်းထန်ထန်တုံ့ပြန်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ယာယာတိုရေးကို ၀က်စ်ဟမ်းနှင့်ကစားခဲ့သည့်ပွဲက တွေ့ရစဉ်

မန်စီးတီးကွင်းလယ်လူယာယာတိုရေးက အသင်းမှထွက်ခွာမည်ဆိုသော သတင်းများနှင့်ပတ်သက်၍ စိတ်ပျက်မိကြောင်း ပြင်းပြင်းထန်ထန်တုံ့ပြန်ပြောကြားခဲ့သည်။

အဆိုပါ အိုင်ဗရီကို့စ်ကွင်းလယ်လူသည် ယခုဘောလုံးရာသီ၌ သွင်းဂိုး ၁ ဂိုးသွင်းယူနိုင်ခဲ့ပြီး ဖန်တီးမှု ၄ ကြိမ်ပြုလုပ်ထားကာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို မန်စီးတီးဦးဆောင်နိုင်ရန် ခြေစွမ်းပြကစားနေသူဖြစ်သည်။

သို့သော် ယခုကဲ့သို့ ခြေစွမ်းမပြနိုင်ခဲ့သည့် ၂၀၁၄-၁၅ ဘောလုံးရာသီတွင် သတင်းစာရှင်းလင်းပွဲများ၌ မမျှတမှုများနှင့် ဝေဖန်ခံခဲ့ရသည်ဟု ခံစားမိကြောင်း ယာယာတိုရေးကပြောကြားခဲ့သည်။

အသက် ၃၂ နှစ်ရှိ ၎င်းက”ကျွန်တော်စရောက်တဲ့နှစ်မှာ မန်စီးတီး ဒုတိယနေရာနဲ့ အဆုံးသတ်ခဲ့ရတယ်။ အဲဒီအချိန်က ကျွန်တော့်အတွက် အခက်ခဲဆုံးကာလပဲ။ အသင်းအတွက် ကျွန်တော် ၁၂ ဂိုးပဲ သွင်းနိုင်ခဲ့တယ်။ ကျွန်တော့်မှာ နိုင်ငံအသင်းအတွက်လည်း အာဖရိကနိုင်ငံများဖလား ကစားပေးရတယ်။ အဲဒီအချိန်ဆို  ပရီးမီးယားလိဂ်နဲ့ ၂ လလောက်ဝေးနေရတယ်။ ပြီးတော့ ကျွန်တော်ဂိုးမသွင်းနိုင်ဘူးလို့ အပြောခံရရော။ သူတို့ပြောတာတွေက ကျွန်တော့်အတွက် စိတ်အနှောင့်အယှက်ဖြစ်စေတယ်။ အဲဒီလိုအပြောခံရတိုင်း ကျွန်တော်အရမ်းစိတ်ပျက်မိတယ်။ အခုအချိန်ထိ ပြောသင့်တာကို သူတို့ဘယ်တော့မှမပြောဘူး။ အကောင်းထက် အဆိုးကို ပိုပြောချင်ကြတယ်။ ကျွန်တော်စရောက်တဲ့ ၂၀၁၀ ကတည်းက ကြားနေရတာက ကျွန်တော်က ဘောလုံးရရင် ပျက်တဲ့သူဆိုတာပါပဲ” ဟု ပြောကြားခဲ့သည်။

comments

error: Content is protected !!