ယခုတစ်ပတ်မှစ၍ ပရီးမီးယားလိဂ်တွင် ဆောင်းတွင်းဘောလုံးများ စတင်အသုံးပြုမည်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
n
ပရီးမီးယားလိဂ်တွင် အသုံးပြုမည့် Nike Ordem 3 ဆောင်းတွင်းဘောလုံး

အောက်တိုဘာလ ၂၄ ရက်နေ့ ပရီးမီးယားလိဂ်ပွဲစဉ်များမှစ၍ ရှင်းလင်းမြင်သာသည့် ဆောင်းတွင်းဘောလုံးများကို ပွဲစဉ်အားလုံးတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရှိရသည်။

သို့သော် ယခုဘောလုံးရာသီတွင် အသုံးပြုမည့် နစ်ကီမှထုတ်လုပ်သော ဆောင်းတွင်းဘောလုံးမှာ ယမန်နှစ်ရာသီကကဲ့သို့ အ၀ါရောင်သက်သက်မဟုတ်ဘဲ လိမ္မော်ရောင်အကွက်များလည်း ပါဝင်မည်ဖြစ်သည်။

ယခုအသုံးပြုမည့် Nike Ordem 3 ဘောလုံးကို နစ်ကီက”အရှင်းလင်းဆုံးမြင်တွေ့နိုင်သည့်၊ ဆုံးဖြတ်ချက် အမြန်ချနိုင်စေမည့်၊ ချက်ချင်းတုံ့ပြန်နိုင်မည့်၊ အဆုံးမဲ့ခြေစွမ်းကောင်းကိုမြင်တွေ့ရစေမည့် ဘောလုံး”ဟု နစ်ကီက ကြော်ငြာထားသည်။

comments

error: Content is protected !!