ဘာစီလိုနာနှင့် သက်တမ်းတိုးမည်ဟု ပရိသတ်များအား နေမာကတိပေး

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ဗယ်လက်ကာနိုနှင့်ပွဲတွင် တတိယဂိုးသွင်းယူပြီး နေမာအောင်ပွဲခံနေစဉ်

ဘာစီလိုနာတိုက်စစ်မှူး နေမာက အသင်းပြောင်းရွှေ့ဖွှယ်ရှိနေသည့် သတင်းများမှာ တိကျသေချာသည့် သတင်းများမဟုတ်ကြောင်း၊ ဘာစီလိုနာနှင့် အောင်မြင်မှုများဆက်လက်ရယူလိုကြောင်း၊ အသင်းနှင့် စာချုပ်သစ်ထပ်မံချုပ်ဆိုသွားမည်ဖြစ်ကြောင်း ပရိသတ်များအား ကတိပေးပြောကြားသွားခဲ့သည်။

နေမာမှာ ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင် ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့ကစားရန် စီစဉ်ခဲ့သူဖြစ်ပြီး မန်ယူအသင်းနှင့် ဆွေးနွေးခဲ့ကြောင်းလည်း ထုတ်ဖော်ပြောကြားခဲ့သဖြင့် ဘာစီလိုနာတာဝန်ရှိသူများမှာ ပရိသတ်များ၏ ဖိအားပေးခြင်း ခံခဲ့ရသည်။

“လက်ရှိစာချုပ်သက်တမ်းက အများကြီးကျန်ပါသေးတယ်။ ဒါပေမဲ့ ပရိသတ်တွေအတွက် ဘာစီလိုနာမှာ ဆက်ရှိနေဦးမှာပါ။ အသင်းပြောင်းရွှေ့မှာမဟုတ်သလို အသင်းဘက်က စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းခဲ့မယ်ဆိုရင် လက်မှတ်ရေးထိုးဖို့ အသင့်ပါပဲ”ဟု နေမာက ဆိုသည်။

comments

error: Content is protected !!