ယခုရာသီ နောက်ဆုံးပွဲစဉ် အနိုင်ရပြီး ရန်ကုန်လူငယ်အသင်း ထပ်ဆင့်ချန်ပီယံဘွဲ့ လက်ခံရယူ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ဆုဖလားလက်ခံရယူနေသည့် ရန်ကုန်လူငယ်အသင်း

အောက်တိုဘာ ၁၉။
အောင်သော်ဖြိုး။

၂၀၁၅ မြန်မာနေရှင်နယ်လိဂ် အသက် ၂၁ နှစ်အောက် လူငယ်အမှတ်ပေးပြိုင်ပွဲ  နောက်ဆုံးပွဲစဉ်အဖြစ် ရန်ကုန်အသင်းနှင့်  ဇေယျာရွှေမြေအသင်းတို့ အောက်တိုဘာလ ၁၉ ရက်က ယှဉ်ပြိုင်ခဲ့ကြပြီး ရန်ကုန်အသင်းက ဇေယျာရွေမြေအသင်းကို ၃-၁ ဖြင့် အနိုင်ရကာ လူငယ်အမှတ်ပေးပြိုင်ပွဲ ချန်ပီယံဆုကို ဒုတိယအကြိမ်မြောက် ဆွတ်ခူးခဲ့သည်။

ဇေယျာရွှေမြေအသင်းသည် ၁၇ မိနစ်တွင် ဂိုးသမားလက်မှ လျှံထွက်လာသည့် ဘောလုံးကို ရန်ကုန်ကစားသမား သန်းထွဋ်အောင်၏ ကန်သွင်းချက်ဖြင့် ခွင့်ပြုခဲ့ရသည့်ဂိုးကို ပြန်လည်ချေပနိုင်ခြင်း မရှိခဲ့ဘဲ့ ပွဲချိန် ၇၄မိနစ်တွင် သန်းထွဋ်အောင်ကပင် ရန်ကုန်အသင်းအတွက် ဒုတိယကို ထပ်မံသွင်းယူခဲ့ပြီး ၈၇ မိနစ်တွင် ကျော်ဇင်ဦးက တတိယဂိုးကို  ထပ်မံသွင်းယူနိုင်ခဲ့ကာ ဇေယျာရွေမြေအသင်းအတွက် ချေပဂိုးကို ပွဲချိန် မိနစ် ၉၀ ကျော်တွင် ကျော်သူရ က သွင်းယူခဲ့ကာ ပွဲပြီးဆုံးချိန်တွင် ရန်ကုန်အသင်းက ၃-၁ ဖြင့် အနိုင်ရခဲ့သည်။

ရန်ကုန်လူငယ်အသင်းသည် ယခုနှစ်ဘောလုံးရာသီတွင် ၂၄ ပွဲကစား ၁၉ ပွဲနိုင် ၃ ပွဲသရေ ၂ ပွဲရှုံး ရလဒ်ဖြင့် ပထမနေရာတွင် ရပ်တည်ခဲ့ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ဇေယျာရွှေမြေ နှင့် ပွဲအပြီးတွင် ချန်ပီယံဆုဖလားကို ရန်ကုန်အသင်းအား ပေးအပ်ခဲ့သည်။

ရန်ကုန်လူငယ်အသင်းသည် ယမန်နှစ်ဘောလုံးရာသီက ချန်ပီယံဖြစ်ခဲ့ပြီး ယခုနှစ်တွင်လည်း ချန်ပီယံဆု ထပ်မံရယူနိုင်ခဲ့ခြင်းဖြစ်သည့်အပြင် ဇေယျာရွှေမြေနှင့် ပွဲမတိုင်မီကပင် ဒုတိယနေရာမှ ရတနာပုံအသင်းကို ၆ မှတ်ဖြတ်နိုင်ခဲ့သည့်အတွက် ချန်ပီယံဆုကို ပြိုင်ပွဲမပြီးဆုံးမီကပင် ရရှိပြီးဖြစ်သည်။

ရန်ကုန်အသင်းမှ တိုက်စစ်မှုးရန်ခသည် သွင်းဂိုး ၁၈ ဂိုးအထိသွင်းယူကာ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်ခဲ့ပြီး ရန်ကုန်လူငယ်အသင်းမှာလည်း သွင်းဂိုး ၆၈ ဂိုး ဖြင့် သွင်းဂိုးအများဆုံးအသင်းနှင့် ပေးဂိုး ၁၆ ဂိုးဖြင့် ပေးဂိုးအနည်းဆုံးအသင်းအဖြစ် ရပ်တည်နိုင်ခဲ့သည်။

ယခုနှစ်ရာသီတွင် ရန်ကုန်လူငယ်အသင်းနောက်တွင် ရတနာပုံလူငယ်က ဒုတိယ၊ MFF Youth အသင်းက တတိယနေရာများတွင် အသီးသီးရပ်တည်ခဲ့သည်။

comments

error: Content is protected !!