နိုင်ပွဲရခဲ့သောကြောင့် အသင်း၏ ကြီးမားသောထောက်ခံချက်ရခဲ့ဟု မက္ကလာရင်ပြောကြား

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
နောဝစ်ခ်ျနှင့်ပွဲတွင် ကွင်းဘေးမှညွှန်ကြားနေသည့် မက္ကလာရင်

နယူးကာဆယ်နည်းပြ မက္ကလာရင်က ယခုဘောလုံးရာသီ ပထမဆုံးနိုင်ပွဲအဖြစ် နောဝစ်ခ်ျကို ၆-၂ ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲကြောင့် အသင်း၏ ကြီးမားသည့်ထောက်ခံချက်ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

မက္ကလာရင်က ”နည်းပြတွေ ခဏခဏပြောင်းရင် ပရိသတ်တွေပျော်မှာမဟုတ်လို့ ဒါကို ရှောင်ရှားရမှာပါ။ အဲဒီလို မဖြစ်ရင်တော့ အကောင်းဆုံးပါပဲ။ ဒါပေမဲ့ အဲဒီလိုဖြစ်ဖို့ ကြိုးစားနေရပါလိမ့်မယ်။ နယူးကာဆယ်အတွက် ပထမဆုံးနိုင်ပွဲ ရှာဖွေနိုင်ခဲ့တယ်။ ထောင့်ကန်ဘောတွေကနေ အနိုင်ရခဲ့တယ်ဆိုတာ ကျွန်တော်တို့သိပြီးသားပါ။ ကျွန်တော်တို့ အကောင်းဆုံးဖြစ်အောင် ကစားခဲ့ပါတယ်။ ချဲလ်ဆီး၊ မန်စီးတီးတို့အနိုင်ရသလို ကျွန်တော်တို့လည်း အနိုင်ရခဲ့တာပါ။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ အဆုံးသတ်မှုတွေက ပုံမှန်ပုံစံမဟုတ်ပါဘူး” ဟု ပြောကြားခဲ့သည်။

နယူးကာဆယ်မှာ ပထမဆုံးနိုင်ပွဲတွင် ဂိုးပြတ်သွင်းယူနိုင်ခဲ့သည့်အတွက် ပရီးမီးယားလိဂ်အမှတ်ပေးဇယား အောက်ဆုံးနေရာမှ အဆင့် ၁၈ နေရာသို့ တက်လှမ်းနိုင်ခဲ့သည်။

comments

error: Content is protected !!