ကစားသမားများခြေစွမ်းပြရန် မှော်အစွမ်းမလိုဟု ကလော့ပ်ပြောကြား

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
စပါးနှင့်ပွဲစဉ်က ယာဂင်ကလော့ပ်အားတွေ့ရစဉ်

လီဗာပူးနည်းပြယာဂင်ကလော့ပ်မှာ ၎င်း၏ ပရီးမီးယားလိဂ်နည်းပြဘ၀ ပွဲဦးထွက်အဖြစ် စပါးနှင့်ကစားခဲ့သည့်ပွဲတွင် သရေရလဒ်ထွက်ပေါ်ခဲ့သော်လည်း စိတ်ပျက်ခြင်းမရှိကြောင်းနှင့် ကစားသမားများခြေစွမ်းပြနိုင်ရန် မှော်အစွမ်းမလိုအပ်ကြောင်း ပြောကြားခဲ့သည်။

အသင်းကစားသမားများနှင့်ပတ်သက်၍ နည်းပြကလော့ပ်က ”အခုလိုမျိုး လယ်လာနာ ဘယ်နှစ်ပွဲလောက်ဖြစ်နေဦးမလဲ ကျွန်တော်မပြောနိုင်ဘူး။ ပြေးလွှားရလို့ ခြေကုန်လက်ပန်းကျလုနီးပါးဖြစ်ခဲ့တယ်။ ဒါကြောင့် သူ့ကိုလူစားလဲခဲ့ရပါတယ်။ သူဆောက်သမ်တန်မှာကစားကတည်းက သူ့အခြေအနေကို ကျွန်တော်သိတယ်။ ၂၀၊ ၃၀ ရာနှုန်းထက်ပိုပြီး သူလုပ်နိုင်တယ်။ ဒီနေ့ထက်ပိုပြီး ကော်တင်ညိုခြေစွမ်းပြနိုင်မလားမေးရင် သူလုပ်နိုင်မယ်လို့ ဖြေရမှာပါ။ လူးကပ်စ်က ဘယ်ညာ နှစ်ဖက်လုံးကစားနိုင်တဲ့သူလားလို့ မေးရင် ဟုတ်တယ်လို့ ဖြေမယ်။ အမ်မရီကန်ကလည်း အခုထက်ပိုပြီး ဖြတ်တင်ဘောတွေပေးပို့နိုင်ဖို့နဲ့ လျင်မြန်ဖို့အတွက် စွမ်းဆောင်နိုင်သူပါ။ မီလ်နာဆိုတာကလည်း ပြည့်စုံတဲ့ ပရော်ဖက်ရှင်နယ်တစ်ယောက်ပါ။ နည်းစနစ်တွေနဲ့ပတ်သက်ပြီး ကျွန်တော်သူ့ကို သင်ကြားသင့်လား။ ဒါက ကြီးမားတဲ့ပြဿနာမဟုတ်ဘူး။ ဒါကြောင့် မှော်အစွမ်းနဲ့ သူတို့ခြေစွမ်းကောင်းအောင် လုပ်ဖို့မလိုဘူး။ သူတို့က ဘယ်လိုကစားရမလဲဆိုတာ သိပြီသားသူတွေပါ” ဟု ပြောကြားခဲ့သည်။

ကလော့ပ်မှာ လီဗာပူးကစားသမားများအား ဘောလုံးမဆုံးရှုံးစေရန်ကြိုးပမ်းခြင်းနှင့် ပြိုင်ဘက်များအတွက် နေရာလွတ်မရှိစေရန် လျင်မြန်မှုအသားပေးဗျူဟာ ရင်နှီးစေရန် လေ့ကျင့်ပေးလျက်ရှိသည်။

comments

error: Content is protected !!