စတုတ်စီးတီးနှင့်ကစားမည့်ပွဲတွင် အာရုံစူးစိုက်ရန် ကစားသမားများအား ဂယ်ရီမန့်ခ် သတိပေး

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
သတင်းစာရှင်းလင်းပွဲတွင်တွေ့ရသည့် ဂယ်ရီမန့်ခ်

ဆွမ်ဆီနည်းပြဂယ်ရီမန့်ခ်က ကစားသမားများအနေဖြင့် ယူရိုခြေစစ်ပွဲကစားခဲ့ရသောကြောင့် ပွဲပန်းသည်ဆိုခြင်းကို လက်ခံမည်မဟုတ်ကြောင်းနှင့် စတုတ်စီးတီးနှင့်ပွဲတွင် အာရုံစူးစိုက်ကစားရန် သတိပေးခဲ့ကြောင်း သိရသည်။

ဆွမ်ဆီးကစားသမားများမှာ ပြီးခဲ့သည့်တစ်လခန့်က နိုင်ငံတကာပွဲစဉ်များ ယှဉ်ပြိုင်ခဲ့ပြီးချိန်တွင် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ၀က်ဖို့ဒ်နှင့်တွေ့ဆုံခဲ့ရာ၌ ရှုံးပွဲကြုံခဲ့ပြီးနောက် ပြိုင်ပွဲစုံ ၄ ပွဲဆက် နိုင်ပွဲပျောက်ခဲ့သည်။

ထို့ကြောင့် အဆိုပါနည်းပြက ယနေ့ကစားမည့် စတုတ်စီးတီးနှင့်ပွဲတွင်လည်း ထိုကဲ့သို့ရလဒ်ဆိုး ထပ်မကြုံစေရန် သတိပေးပြောကြားခဲ့ခြင်းဖြစ်သည်။

ဂယ်ရီမန့်ခ်က ”ကျွန်တော့်ကစားသမားတွေ နိုင်ငံပွဲမှာ ခြေစွမ်းပြနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူမိပါတယ်။ နိုင်ငံတကာရက်သတ္တပတ်ဟာ ကလပ်တွေအတွက်တော့ အခက်အခဲဖြစ်စေပါတယ်။ ဘာလို့လဲဆိုတော့ ကစားသမားတွေနဲ့ပတ်သက်ပြီး ပြင်ဆင်ရမယ့်အချိန်တွေ ပေးလိုက်ရလို့ပါ။ ဒါပေမဲ့ သူတို့တွေ အကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့လို့ ကျွန်တော်တို့ပျော်ရွှင်ခဲ့ပါတယ်။ ဒါပေမဲ့ သူတို့တွေ ဆွမ်ဆီးအတွက် အာရုံစူးစိုက်ဖို့လိုအပ်ပါတယ်။ ဒါက ကျွန်တော်ပြောချင်တဲ့ အဓိကအချက်ပါ။ အပြည့်အ၀အာရုံစိုက်ကြဖို့ သူတို့ကို ကျွန်တော်ပြောထားပါတယ်” ဟု ပြောကြားခဲ့သည်။

comments

error: Content is protected !!