အသင်းဟောင်းရီးရဲလ်နှင့် ပွဲတွင် ဂိုးသွင်းနိုင်ခဲ့ပါက အောင်ပွဲခံမည်မဟုတ်ဟု ဒီမာရီယာဆို

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
လီဂူး-၁ ပွဲစဉ်တစ်ပွဲတွင် ဂိုးသွင်းပြီးအောင်ပွဲခံနေသည့် ဒီမာရီယာ

ပီအက်စ်ဂျီတောင်ပံကစားသမား ဒီမာရီယာက ချန်ပီယံလိဂ် အုပ်စုပွဲစဉ်-၃အဖြစ် အသင်းဟောင်းရီးရဲလ်နှင့် ရင်ဆိုင်ရမည့်ပွဲစဉ်၌ ဂိုးသွင်းယူနိုင်ခဲ့ပါက အသင်းဖော်ဟောင်းများကို လေးစားသည့်အနေဖြင့် အောင်ပွဲခံမည်မဟုတ်ကြောင်း ဖွင့်ဟပြောကြားခဲ့သည်။

အာဂျင်တီးနားလက်ရွေးစင် ဒီမာရီယာသည် စပိန်ထိပ်သီး ရီးရဲလ်မက်ဒရစ်တွင် ၂၀၁၀ မှ ၂၀၁၄ အထိ ၄ နှစ်ကြာ ကစားခဲ့သူဖြစ်ကာ ပြီးခဲ့သည့်ရာသီက အသင်းတာဝန်ရှိသူများနှင့် ပြဿနာဖြစ်ပွားခဲ့ပြီးနောက် ပရီးမီးယားလိဂ်ကလပ် မန်ယူအသင်းသို့ ပြောင်းရွှေ့ခဲ့ပြီး ယခုနှစ်နွေရာသီတွင် ပီအက်စ်ဂျီအသင်းသို့ ထပ်မံပြောင်းရွှေ့ခဲ့သူဖြစ်သည်။

“အသင်းဟောင်းနဲ့ ရင်ဆိုင်ရမယ့်ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့ရင် အောင်ပွဲခံမှာမဟုတ်ပါဘူး။ ၄ နှစ်ကြာကစားခဲ့တဲ့ အချိန်ကာလအတွင်း ရီးရဲလ်အသင်းမှာ ဖြတ်သန်းခဲ့ရသမျှတွေက အမှတ်တရအဖြစ် ရှိနေဆဲဖြစ်လို့ပါ။ အမှတ်တရပေါင်းများစွာ ရှိခဲ့တဲ့ အသင်းတစ်သင်းဖြစ်နေပေမယ့် လက်ရှိအသင်းအိမ်ကွင်းမှာ အနိုင်ရဖို့အတွက် အာရုံစိုက်ထားပါတယ်”ဟု ဒီမာရီယာက ဆိုခဲ့သည်။

၂၀၁၅-၁၆ ဘောလုံးရာသီ ချန်ပီယံလိဂ်အုပ်စု(က)တွင် ပါဝင်နေသည့် ရီးရဲလ်နှင့် ပီအက်စ်ဂျီတို့သည် အုပ်စုအဖွင့်ပွဲစဉ် ၂ ပွဲ တွင် နိုင်ပွဲများ ကိုယ်စီရရှိထားကာ ရမှတ် ၆ မှတ်စီဖြင့် အမှတ်ပေးဇယားအား ဦးဆောင်နေသော အသင်းများဖြစ်သည်။

comments

error: Content is protected !!