အင်တာမီလန်အသင်းအား တာဝန်မယူလိုကြောင်း အန်စလော့တီဖွင့်ဟ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ရီးရဲလ်ကိုတာဝန်ယူစဉ်က အန်စလော့တီအားတွေ့ရစဉ်

အီတလီဝါရင့်နည်းပြ အန်စလော့တီက အသင်းအချို့၏ ကမ်းလှမ်းမှုများ လက်ခံရရှိထားသော်လည်း အင်တာမီလန်အသင်းအား တာဝန်မယူလိုကြောင်း၊ အသင်းဟောင်း အေစီမီလန်၏ ခါးသီးသော မြို့ခံပြိုင်ဘက်အသင်းဖြစ်နေသည့်အတွက် အစဉ်အလာပြိုင်ဘက်အသင်းကို အောင်မြင်မှုရရှိအောင် စွမ်းဆောင်မပေးလိုကြောင်း ဖွင့်ဟခဲ့သည်။

ရီးရဲလ်အသင်းမှ ထုတ်ပယ်ခံခဲ့ရပြီးနောက် အသင်းလက်မဲ့ဖြစ်နေသည့် နည်းပြအန်စလော့တီသည် အီတလီကလပ်အသင်းများဖြစ်သည့် ရက်ဂျီးနား၊ ပါးမား၊ ဂျူဗင်တပ်၊ အေစီမီလန်အသင်းတို့အား တာဝန်ယူကိုင်တွယ်ခဲ့သူဖြစ်သော်လည်း ကစားသမားဘ၀နှင့် နည်းပြဘ၀များတွင် အဓိကပြိုင်ဘက်ဖြစ်ခဲ့သည့် အင်တာမီလန်အား နည်းပြအဖြစ် တာဝန်ယူရန်ဆန္ဒမရှိချေ။

“ကလပ်အသင်းတွေရဲ့ ကမ်းလှမ်းမှုတွေ လက်ခံရရှိထားတယ်ဆိုပေမယ့် အင်တာမီလန်နည်းပြတော့ ဖြစ်လာမှာမဟုတ်ပါဘူး။ သူတို့က ကမ်းလှမ်းခဲ့မယ်ဆိုရင်တောင် ငြင်းပယ်သွားမှာပါ။ ကစားသမားဘ၀နဲ့ နည်းပြဘ၀တွေမှာ ပြိုင်ဘက်အဖြစ် အကြိမ်ကြိမ်ရင်ဆိုင်ခဲ့ရတဲ့ အင်တာမီလန်ကို အောင်မြင်အောင် တာဝန်ယူကိုင်တွယ်ရမယ့် နည်းပြတစ်ယောက်မဖြစ်ချင်ပါဘူး” ဟု နည်းပြအန်စလော့တီက ဆိုသည်။

နည်းပြအန်စလော့တီသည် ကစားသမားဘ၀တွင် အေစီမီလန်အသင်း၌ အောင်မြင်မှုစွာရရှိခဲ့သူဖြစ်ပြီး နည်းပြဘ၀တွင်လည်း စကူဒက်တိုဖလားအပြင် ကိုပါအီတာလီယာ၊ ဥရောပစူပါဖလားနှင့် ဥရောပချန်ပီယံလိဂ်ဖလားတို့ကို ရယူနိုင်ခဲ့သူဖြစ်သည်။

comments

error: Content is protected !!