မန်စီးတီးနှင့်ပွဲစဉ်တွင် အနိုင်ကစားနိုင်ခဲ့လျှင် အမှတ်ပေးချန်ပီယံဆုကို စိန်ခေါ်နိုင်ပြီဟု မန်ယူနည်းပြဗန်ဟားလ် ၀ံ့ကြွား

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
LIVERPOOL, ENGLAND - OCTOBER 17:  Louis van Gaal Manager of Manchester United and Roberto Martinez Manager of Everton greet prior to the Barclays Premier League match between Everton and Manchester United at Goodison Park on October 17, 2015 in Liverpool, England.  (Photo by Clive Brunskill/Getty Images)
မန်ယူနည်းပြဗန်ဟားလ်က အဲဗာတန်နည်းပြမာတီနက်ဇ်အားနှုတ်ဆက်နေစဉ်။

လာမည့်တနင်္ဂနွေနေ့တွင် အိုးထရက်ဖို့ဒ်ကွင်း၌ မန်စီးတီးအသင်းနှင့် ကစားမည့်ပွဲစဉ်တွင် အနိုင်ရခဲ့လျှင် အမှတ်ပေးချန်ပီယံအတွက် စိန်ခေါ်နိုင်စွမ်းရှိပြီဖြစ်ကြောင်းမန်ယူနည်းပြဗန်ဟားလ်က ပြောကြားလိုက်သည်။

မန်ယူအသင်းမှာ အဲဗာတန်အသင်းကွင်းတွင် ၃ဂိုးပြတ်ဖြင့်အနိုင်ရခဲ့သလို ပရီးမီးယားလိဂ်အမှတ်ပေးဇယားအား ဦးဆောင်နေသည့် မန်စီးတီးမှာလည်း ဘုန်းမောက်အသင်းအား၅-၁ ဂိုးဖြင့်အနိုင်ရခဲ့သည်။

ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် စိန်ခေါ်နိုင်စွမ်းရှိသည့် အသင်းများထဲတွင် ပါဝင်လာမည်ဆိုသည်နှင့် ပတ်သက်ပြီး မန်ယူနည်းပြဗန်ဟားလ်က”ကျွန်တော်တို့ဟာ ပြိုင်ပွဲပေါင်းစုံချန်ပီယံဆုအတွက် အမြဲပစ်မှတ်ထားခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ဒီလိုရည်မှန်းချက်တွေက အမှန်တကယ်အရေးကြီးပါတယ်။ အဲဗာတန်နဲ့ ပွဲမှာပြသခဲ့တဲ့ ကစားသမားတွေရဲ့စွမ်းဆောင်ရည်တွေကြောင့် ကျွန်တော် ၀မ်းသာမိတယ်။ တကယ့်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်လို့ ထင်မြင်မိတယ်။ ဒီလိုမျိုးတွေ နောက်ပွဲစဉ်တွေမှာထပ်ဖြစ်လာနိုင်တယ်၊ နိုင်ပွဲတွေအများကြီးထပ်ရနိုင်တယ်လို့ ထင်တယ်။ လာမယ့်အပတ်စဉ်မှာ မန်စီးတီးနဲ့ ကစားရမှာဖြစ်ပြီး သူတို့ကိုနိုင်ရင် အမှတ်ပေးချန်ပီယံဆုစိန်ခေါ်နိုင်တဲ့အသင်းအဖြစ် အိုကေလို့ပြောလို့ရပြီ”ဟုပြောခဲ့သည်။

အဲဗာတန်နှင့်ပွဲတွင် မန်ယူအသင်းလူစာရင်း၌ နောက်တန်းကစားသမားဖီးလ်ဂျုံးစ်၊ မားကို့စ်ရိုဟိုတို့ ပြန်လည်ပါဝင်လာနိုင်ခဲ့ပြီး ခြေစွမ်းပြကစားနိုင်ခဲ့သလို ကွင်းလယ်ကစားသမားဟာရဲရားမှာလည်း ဒုတိယအနိုင်ဂိုးသွင်းနိုင်ခဲ့ပြီး ယင်းကစားသမားသုံးဦး၏ခြေစွမ်းအပေါ် နည်းပြဗန်ဟားလ်မှ ကျေနပ်နေသည်။

comments

error: Content is protected !!