ဖိအားများကို ဆက်လက်ရင်ဆိုင်သွားမည်ဟု တင်ရှားဝုဒ်ဆို

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
BIRMINGHAM, ENGLAND - OCTOBER 16:  Tim Sherwood manager of Aston Villa in action during a Aston Villa training session at the club's training ground at Bodymoor Heath on October 16, 2015 in Birmingham, England. (Photo by Neville Williams/Aston Villa FC via Getty Images)
ချဲလ်ဆီးနှင့် ပွဲမတိုင်မီ လေ့ကျင့်မှုပြုလုပ်နေသည့် အသင်းသားများအား နည်းပြတင်ရှားဝုဒ်စောင့်ကြည့်နေစဉ်။

ဗီလာအသင်းနည်းပြ တင်ရှားဝုဒ်၏ အသင်းတွင် ဆက်ရှိရေးမှာ လာမည့်(၃)ပွဲပေါ်မူတည်နေကြောင်း အင်္ဂလန်မီဒီယာများတွင်ဖော်ပြနေပြီး အသင်းက ယင်းကာလအတွင်း ၎င်းအားထာက်ခံသွားဖွယ်ရှိနေကာ ၎င်းအနေဖြင့် ဖိအားများအားဆက်လက်ရင်ဆိုင်သွားမည်ဟု ဆိုထားသည်။

ဗီလာအသင်းမှာ ယခုနှစ်ပရီးမီးယားလိဂ်ပြိုင်ပွဲ ၈ ပွဲကစားပြီးချန်တွင် နိုင်ပွဲ ၁ ပွဲနှင့် သရေ ၁ ပွဲသာရရှိထားသောကြောင့် ရမှတ် ၄ မှတ်ဖြင့် အမှတ်ပေးဇယား တန်းဆင်းဇုန်၌ ရပ်တည်လျက်ရှိသည်။

ယင်းနည်းပြက ချဲလ်ဆီးအသင်းနှင့်ကစားရမည့် ယခုတစ်ပတ်ပွဲစဉ်တွင် အသင်းအနေဖြင့် အစွမ်းကုန်အားစိုက်ကစားမည်ဆိုပါက ရလဒ်ကောင်းများပြန်လည်ရရှိမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အသက် ၄၆ နှစ်ရှိ တင်ရှားဝုဒ်က ”ကျွန်တော်အဆုံးထိတွေးလိုက်တော့ ဒီပြိုင်ပွဲမှာ လူတိုင်းအောင်ပွဲခံနိုင်တာတွေ့ရတယ်။ဗီလာလည်းဖြစ်နိုင်သလို တင်ရှားဝုဒ်လည်းဖြစ်နိုင်တယ်။ နည်းပြတစ်ယောက်အနေနဲ့ ရလဒ်ပေါ်မှာ တာဝန်ယူရမှာပါ။ကျွန်တော်နောက်ဆုံးအချိန်ထိ ရပ်တည်ပေးသွားမှာပါ။ နည်းပြအဖွဲ့ဝင်တွေရဲ့ အခက်အခဲကြားက ကျွန်တော့်အပေါ်ထားတဲ့စေတနာတွေရခဲ့တယ်။ ဗီလာအသင်းပရီးမီးယားလိဂ်မှာ ဆက်လက်ရပ်တည်နိုင်မယ်လို့ ရာနှုန်းပြည့်ယုံကြည်တယ်” ဟု ပြောကြားခဲ့သည်။

comments

error: Content is protected !!