့ ပွဲကြပ်ကာလအတွင်း ဒဏ်ရာရကစားသမားများပြားနေသည့်အပေါ် အူဒီးနီစ်နည်းပြ စိုးရိမ်နေ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
UDINE, ITALY - AUGUST 30:  Head coach of Udinese Calcio Stefano Colantuono speakes with Antonio Di Natale  during the Serie A match between Udinese Calcio and US Citta di Palermo at Stadio Friuli on August 30, 2015 in Udine, Italy.  (Photo by Dino Panato/Getty Images)
အူဒီးနီစ်အသင်းနည်းပြ ကိုလန်တူအိုနိုနှင့် ဒဏ်ရာရနေသည့်တိုက်စစ်မှူး ဒီနာတယ်လီ။

အူဒီးနီစ်အသင်းနည်းပြ ကိုလန်တူအိုနိုက ရလဒ်ကောင်းများရရှိရန် ရုန်းကန်နေရသည့်အချိန်တွင် ဒဏ်ရာရကစားသမားများပြားနေခဲ့ခြင်းမှာ အသင်းအတွက် နစ်နာကြောင်းနှင့် ပွဲကြပ်ကာလအတွက် အဓိကကစားသမားအချို့ ဒဏ်ရာရရှိနေခဲ့သည့်အပေါ် စိုးရိမ်မိကြောင်း ထုတ်ဖော်ပြော ကြားခဲ့သည်။

စီးရီးအေပွဲစဉ်-၇အပြီး အမှတ်ပေးဇယား အဆင့်၁၄နေရာတွင် ရပ်တည်နေသည့် အူးဒီးနီစ်အသင်းတွင် အဓိကကစားသမားဖြစ်သည့် တိုက်စစ်မှူး ဇာပါတာ၊ ဒီနာတယ်လီတို့ ဒဏ်ရာပြဿနာများရှိနေခဲ့သည့်အပြင် ကွင်းလယ်ကစားသမားများဖြစ်သည့် မာကယ်လ်၊ ကိုနေးလ်တို့အပါအ၀င်ဒဏ် ရာရကစားသမား ၈ဦးအထိရှိနေခဲ့သည်။

“ရာသီအစပွဲစဉ်အချို့မှာ ရလဒ်ကောင်းရဖို့ ရုန်းကန်ခဲ့ရတယ်ဆိုတာ ၀န်ခံပါတယ်။ ဒါပေမဲ့ အသင်းအနေနဲ့အကောင်းဆုံးပုံစံပြန်ရဖို့ရုန်းကန်နေရ တဲ့ အချိန်ဒဏ်ရာရကစားသမားများပြားနေခဲ့တာကတော့ ဆိုးရွားလွန်းပါတယ်။ ပွဲစဉ်-၈အဖြစ် ဗီရိုနာနဲ့ ပွဲစဉ်မှာလည်း အနိုင်ရဖို့ ရုန်းကန်ရမှာဖြစ်ပေ မယ့် အသင်းသားတွေရဲ့အကောင်းဆုံးပုံစံကို ပြန်လည်ရမှာပါ။ ဒါပေမယ့် ပွဲကြပ်ကာလအတွင်း ဒဏ်ရာရကစားသမားများနေတာက စိုးရိမ်စရာအ နေအထားပါ” ဟု နည်းပြ ကိုလန်တူအိုနိုက ဆိုခဲ့သည်။

comments

error: Content is protected !!