အသင်းရှယ်ယာအချို့ ရောင်းထုတ်ရန် အင်တာမီလန်ဥက္ကဋ္ဌဟောင်း စီစဉ်နေ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
MILAN, ITALY - NOVEMBER 21:  Honorary President Massimo Moratti (R) and President Erick Thohir during FC Internazionale Milano Shareholders' Meeting on November 21, 2014 in Milan, Italy.  (Photo by Claudio Villa - Inter/Getty Images)
အင်တာမီလက်ဥက္ကဋ္ဌအဲရစ်သိုဟာနှင့် မိုရက်တီအား ရှယ်ယာရှင်အစည်းအဝေးတွင်တွေ့ရစဉ်။

အင်တာမီလန်အသင်းဥက္ကဋ္ဌဟောင်းဖြစ်သူ မိုရက်တီသည် အသင်း၌ ၎င်းပိုင်ဆိုင်ထားသည့် ရှယ်ယာအချို့အား ရောင်းထုတ်ပြီးအသင်းမှထွက်ခွာရန် စီစဉ်နေကြောင်း အီတလီအားကစားသတင်းစာ La Repubblica ၏ ဖော်ပြချက်အရသိရသည်။

၂၀၀၆ မှ ၂၀၁၃ အထိ အင်တာမီလန်အသင်းဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည့် မိုရက်တီသည် ၎င်း၏ရှယ်ယာအများစုအား အင်ဒိုနီးရှားစီးပွားရေးလုပ်ငန်းရှင် အဲရစ်သိုဟာ ထံရောင်းချခဲ့ပြီး လက်ရှိအချိန်တွင် အသင်း၏ ရှယ်ယာ ၃၀ရာခိုင်နှုန်းအား ချုပ်ကိုင်ထားနိုင်ဆဲဖြစ်သည်။

လက်ရှိထွက်ပေါ်နေသည့် သတင်းများတွင် မိုရက်တီအနေဖြင့် ကျန်ရှိနေသေးသည် ၎င်းရှယ်ယာရာခိုင်နှုန်းအများစုအား လက်ရှိဥက္ကဋ္ဌထံ ရောင်းချလိုနေကြောင်း မီဒီယာများမှဖော်ပြလျက်ရှိသည်။

ထို့ပြင် အင်တာမီလန်အသင်းနှင့် နှစ် ၂၀ကြာ စပွန်ဆာစာချုပ်ချုပ်ဆိုထားသည့် မိုရက်တီပိုင်ဆိုင်သည့် ကုမ္ပဏီအနေဖြင့် အသင်းနှင့်စာချုပ်သက် တမ်းကုန်ဆုံးတော့မည်ဖြစ်ရာ မိုရက်တီအနေဖြင့် ယင်းအချိန်မှ စ၍ အသင်းနှင့် အပြီးသတ်လမ်းခွဲဖွယ်ရှိနေကြောင်း သိရသည်။

comments

error: Content is protected !!