မြန်မာ့လက်ရွေးစင်နည်းပြချုပ်အဖြစ် မြန်မာဘောလုံးပရိသတ် သဘောကျနှစ်ခြိုက်သည့် နည်းပြဂတ်ဖရိုင်းဒရစ်ခ်ျကို ခန့်အပ်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
usemmcoach
မြန်မာ့လက်ရွေးစင်အသင်းနည်းပြဖြစ်လာသည့် နည်းပြ ဂတ်ဖရိုင်းဒရစ်ခ်ျ။

အောင်သော်ဖြိုး။
အောက်တိုဘာ ၁၇။

မြန်မာ့လက်ရွေးစင် နည်းပြ အေဗရာမိုဗစ်ခ်ျကို အောက်တိုဘာလ ၁၇ရက်နေ့ က စာချုပ်ဖျက်သိမ်းခဲ့ပြီးနောက်မြန်မာ့လက်ရွေးစင်နည်းပြချုပ် အဖြစ် ဂျာမနီနိုင်ငံသား ဂတ်ဖရိုင်းဒရစ်ခ်ျကို ခန့်အပ်ခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မီဒီယာတာဝန်ခံ ဦးဇော်မင်းထိုက် က ပြောကြားသည်။

မြန်မာ့လက်ရွေးစင်နည်းပြဟောင်း အေဗရာမိုဗစ်ခ်ျကို ယနေ့အောက်တိုဘာ၁၇ရက်နေ့တွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ လစာသုံးလစာပေးကာ နှစ်ဦးသဘောတူ လမ်းခွဲခဲ့ခြင်းဖြစ်ပြီး အေဗရာမိုဗစ်ခ်ျ နှင့်အတူ ကြံ့ခိုင်ရေးနည်းပြ လူကာ ကိုလည်း စာချုပ်ဖျက်သိမ်းခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သိရသည်။

မြန်မာ့လက်ရွေးစင်အသင်းကို ဂတ်ဖရိုင်းဒရစ်ခ်ျနှင့် အတူ လက်ထောက်နည်းပြအဖြစ် ဦးကြည်လွင်မှ တာဝန်ယူဆောင်ရွက်မည် ဖြစ်ပြီး ကျန်နည်းပြအဖွဲ့ဝင်များ အပြောင်းအလဲမရှိဟု သိရသည်။

ဂျာမနီလူမျိုး ဂတ်ဖရိုင်းဒရစ်ခ်ျ ကိုင်တွယ်သည့် မြန်မာ့လက်ရွေးစင်အသင်းသည် ရလဒ်များပိုမိုကောင်းမွန်ပြီး အသင်းလိုက်ကစားပုံ ယခင်ကထက်ပိုမိုကောင်းမွန်လာမည် ထင်သည့်အတွက် ဂတ်ဖရိုင်းဒရစ်ခ်ျကို မြန်မာ့လက်ရွေးစင်နည်းပြချုပ်နေရာကို ခန့်အပ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

မြန်မာ့လက်ရွေးစင်နည်းပြသစ်ဂတ်ဖရိုင်းဒရစ်ခ်ျသည် မြန်မာ ယူ-၂ဝ အသင်းကို ၂၀၁၅ ဖီဖာ ယူ-၂ဝ ကမ္ဘာ့ဖလားပြိုင်ပွဲသို့ ပို့ဆောင်ပေးခဲ့သော နည်းပြတစ်ဦး ဖြစ်ပြီး မြန်မာပရိသတ်အားပေးမှုရနေသည့် ပရိသတ်တစ်ဦးလည်းဖြစ်သည်။

နည်းပြ အေဗရာမိုဗစ်ခ်ျ လက်ထက် မြန်မာ့လက်ရွေးစင်အသင်း ရလဒ်များ

2014 AFC Challenge Cup (အုပ်စုပြုတ်)
မော်လ်ဒိုက်စ် (၂-၃) မြန်မာ
မြန်မာ (၀-၂) ပါလက်စတိုင်း
ကာဂျစ္စတန် (၁-၀) မြန်မာ

၂၀၁၄ ဖိလစ်ပိုင် ငြိမ်းချမ်းရေးဖလား (ချန်ပီယံ)
မြန်မာ (၄-၁) ပါလက်စတိုင်း
ဖိလစ်ပိုင် (၂-၃) မြန်မာ

၂၀၁၄ ဆူဇူကီးဖလား (ခြေစစ်ပွဲ) အောင်မြင်ခဲ့
မြန်မာ (၀-၀) အရှေ့တီမော
ဘရူနိုင်း (၁-၃) မြန်မာ
ကမ္ဘောဒီးယား (၀-၁) မြန်မာ
မြန်မာ (၂-၁) လာအို

၂၀၁၄ ဆူဇူကီးဖလား (အုပ်စုမှပြုတ်)
မလေးရှား (၀-၀) မြန်မာ
မြန်မာ (၂-၄) စင်ကာပူ
ထိုင်း (၂-၀) မြန်မာ

၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲများ
လာအို (၂-၂) မြန်မာ
မြန်မာ (၀-၂) တောင်ကိုရီးယား
ကူဝိတ် (၉-၀) မြန်မာ
မြန်မာ (၀-၂) လက်ဘနွန်
မြန်မာ (၃-၁) လာအို

နိုင်ငံတကာ ခြေစမ်းပွဲများ
ဗီယက်နမ် (၆-၀) မြန်မာ
အင်ဒိုနီးရှား (၂-၁) မြန်မာ
မြန်မာ (၀-၁) ကမ္ဘောဒီးယား
ယူအေအီး (၁-၀) မြန်မာ
မြန်မာ (၁-၁) နယူးဇီလန်

comments

error: Content is protected !!