လီဗာပူးနှင့်ပွဲမှာ နည်းပြ နှစ်ဦးစလုံးအတွက် ဖိအားဖြစ်စေမည့် ပွဲဟု စပါးနည်းပြ ပိုချက်တီနို သုံးသပ်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
LONDON, ENGLAND - SEPTEMBER 20:  Mauricio Pochettino manager of Tottenham Hotspur looks on during the Barclays Premier League match between Tottenham Hotspur and Crystal Palace at White Hart Lane on September 20, 2015 in London, United Kingdom.  (Photo by Ian Walton/Getty Images)
ခရစ္စတယ်ပဲလေ့စ်နှင့်ပွဲမှာ စပါးနည်းပြ ပိုချက်တီနို။

စပါးအသင်းနည်းပြပိုချက်တီနိုက လီဗာပူးနည်းပြကလော့ပ်ကဲ့သို့ပင် မိမိတို့နှစ်ဦးရင်ဆိုင်သည့်ပွဲစဉ်မှာ ဖိအားအောက်ရောက်နေကြောင်း သုံးသပ်ပြောကြားလိုက်သည်။

လီဗာပူးနည်းပြကလော့ပ်မှာ ၄ နှစ်အတွင် ချန်ပီယံဆုတစ်ကြိမ်ရရှိနိုင်သည်ဟု သုံးသပ်ချက်များနှင့်ပတ်သက်၍ ပိုချက်တီနိုက”၄ နှစ်အတွင်း ဆုဖလာတစ်လုံးရအောင်သူလုပ်နိုင်မလားဆိုတာတော့ ကျွန်တော်မတွေးတတ်ဘူး။ ဒါက တခြားသူတွေအတွက်မေးခွန်းတစ်ခုပါ။ ကျွန်တော့်အတွက်မဟုတ်ဘူး။ လီဗာပူးဟာ အစဉ်အလာကြီးမားတဲ့အသင်းဆိုတာ သူသိပြီးသားဖြစ်လိမ့်မယ်။ကျွန်တော်တို့စပါးကလည်း အဲဒီလိုအသင်းမျိုးပါပဲ။ ဒါကြောင့် ကျွန်တော်တို့ နှစ်သင်းလုံးအတွက် တူညီတဲ့ဖိအားရှိနေပါတယ်။သူရောက်လာတာ ပရီးမီးယားလိဂ်အတွက် အရမ်းကောင်းတယ်လို့ ကျွန်တော်ထင်တယ်။ သူ ဒေါ့မွန်မှာရှိကတည်းကကျွန်တော်တို့လေးစားပြီးသားပါ။ အခုစနေနေ့ပြီးရင် သူ့အတွက်အရာရာအဆင်ပြေပါစေလို့ ဆန္ဒပြုပါတယ်” ဟု ပြောကြားခဲ့သည်။

ပိုချက်တီနိုမှာ စပါးအသင်းကို မပြောင်းရွှေ့မီ ဆောက်သမ်တန်နည်းပြအဖြစ်တာဝန်ယူခဲ့ပြီး ၁၉၉၀ ခုနှစ်နောက်ပိုင်းအသင်းသမိုင်းတစ်လျှောက် အမြင့်ဆုံးအောင်မြင်မှုအဖြစ် ၂၀၁၃-၁၄ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့် ၈ နေရာသို့ ပို့ဆောင်ပေးခဲ့သူဖြစ်သည်။

အဆိုပါနည်းပြမှာ ဆောက်သမ်တန်တွင် မြန်နှုန်းမြင့်ကစားသမားများဖြင့် တိုက်စစ်အသားပေးဗျူဟာကျင့်သုံးခဲ့ပြီးနည်းပြကလော့ပ်သည်လည်း လီဗာပူးအသင်းကို လျင်မြန်မှုအသားပေးသည့်အသင်းအဖြစ် ပြုလုပ်လိမ့်မည်ဟုမှတ်ချက်ပြုခဲ့သည်။

comments

error: Content is protected !!