ဝှိုက်ဟတ်လိန်းမှာ သရေရလဒ်ကို ခက်ခက်ခဲခဲယူရခဲ့တဲ့ နည်းပြကလော့ပ်ရဲ့ လီဗာပူး

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
usetot
စပါးတိုက်စစ်မှူးကိန်း၏ထိုးဖောက်မှုအား လီဗာပူးကွင်းလယ်ကစားသမား အမ်မရီကန် ဖျက်ထုတ်နေစဉ်။

စနေညရဲ့ အစောပိုင်းပွဲစဉ်ဖြစ်တဲ့ စပါးနဲ့လီဗာပူး ပွဲစဉ်အနေနဲ့ အပြန်အလှန်တိုက်စစ်ဆင်ရင်း သရေရလဒ်သာ ထွက်ပေါ်ခဲ့ပါတယ်။ လီဗာပူးနည်း ပြသစ်ဂျာ ဂင်ကလော့ပ်အနေဖြင့် တိုက်စစ်တွင် အော်ရီဂီတစ်ဦးတည်းကို အထောင်ကစားခဲ့ကာ မီလ်နာ၊ ကော့တင်ဟို၊ လယ်လာနာတို့နဲ့ စပါး အသင်းကို ရင်ဆိုင်ခဲ့ပြီး စပါးအသင်းကလည်း ဟာရီကိန်း၊ လာမယ်လာ၊ အလီတို့နဲ့ အတူ ပွဲထွက်လာခဲ့ပါတယ်။

လီဗာပူးအသင်းသည် ပွဲချိန်အစောပိုင်းတွင် ကစားကွက်ပိုင်းအရ စပါးအသင်းအပေါ် အသာရပေမယ့် ပွဲချိန် ၁၀ မိနစ်နောက်ပိုင်းတွင် စပါးအသင်း က ကစားကွက်ပိုင်းအရ အကောင်းဆုံးပြန်လည်တုံ့ပြန်နိုင်ခဲ့ပါတယ်။ ကွင်းလယ်လူချက်ဒ်လီ ဒဏ်ရာရရှိခဲ့သည့်အတွက် လူငယ်ကစားသမား ကလင် တန်ဝင်လာခဲ့ပြီးနောက် လီဗာပူးနောက်တန်း ပိုမိုအလုပ်ရှုပ်ခဲ့ပြီး စပါးတိုက်စစ်မှူး ဟာရီကိန်းလည်း အခွင့်အရေးအချို့ရရှိခဲ့ပါတယ်။

ပွဲချိန်မိနစ် ၃၀နောက်ပိုင်း ဒန်နီရို့စ်၊ အဲရစ်ဆင်တို့ရဲ့ တိကျတဲ့ ဖြတ်တင်ဘောတွေကြောင့် စပါးအသင်းဂိုးရရှိမယ့် အခွင့်အရေးအချို့ရရှိခဲ့သော်လည်း လီ ဗာပူး ဂိုးသမား မစ်ဂနိုလက်ရဲ့ လက်စွမ်းပြကာကွယ်မှုတွေကြောင့် အိမ်ရှင်အသင်း ဦးဆောင်ဂိုးနဲ့ ဝေးနေခဲ့ပါတယ်။

ဒုတိယပိုင်းပြန်အစတွင်လည်း လီဗာပူးအသင်းအနေဖြင့် ရံဖန်ရံခါသာ တိုက်စစ်ဆင်မှုတွေပြုလုပ်ခဲ့ပြီး ကော့တင်ဟို၊ အော်ရီဂီတွဲလုံးကနေ စပါး နောက်တန်းကို ခြိမ်းခြောက်မှုအချို့ ပြုလုပ်နိုင်ခဲ့ပေမယ့် စပါးနောက်တန်းကစားသမားနဲ့ ဂိုးသမားလိုရစ်တို့ အကောင်းဆုံးကာကွယ်ထားနိုင်ခဲ့ပါ တယ်။

စပါးနည်းပြပေါ့ချက်တီနိုအနေဖြင့် ကွင်းလယ်ကစားအားကောင်းမွန်တဲ့ အလီ၊ ဒမ်ဘီလီအတွဲကို အသုံးပြုခဲ့ခြင်းကြောင့် လီဗာပူးအသင်းအခက်တွေ့ ခဲ့ရပြီး ပွဲထွက်ကစားခွင့်ရရှိခဲ့သည့် လူငယ်တိုက်စစ်မှူး အော်ရီဂီ အနေနဲ့လည်း ဗာမယ်လန်းဦးဆောင်တဲ့ စပါးနောက်တန်းအပေါ် ထိထိရောက်ရော က်ခြိမ်းခြောက်နိုင်ခြင်းမရှိခဲ့ပါဘူး။

ပွဲချိန်မိနစ် ၈၀ နောက်ပိုင်း စပါးအသင်းဘက်တွင်၏ လာမယ်လာအစား တောင်းဆန့် ၀င်ကစားခဲ့ပြီး လီဗာပူးအသင်း ဘက်တွင်မူ လယ်လာန်ာအစား အလန်၊ ကော့တင်ဟိုအစား အိုင်ဘီတို့ လူစားဝင်ကစားလာခဲ့ပြီးနောက် နှစ်သင်းလုံး ကစားအားချခဲ့ပြီး ပွဲချိန် မိနစ် ၉၀ ပြည့်တဲ့အထိ ဂိုးသွင်း ယူနိုင်ခဲ့ခြင်းမရှိခြင်းကြောင့် ဂိုးမရှိသရေရလဒ်သာ ထွက်ပေါ်ခဲ့ပါတယ်။

comments

error: Content is protected !!