ဖီအိုရင်တီးနားတွင် နာပိုလီနည်းပြဆာရီ တာဝန်ယူကိုင်တွယ်လိုဟု အေးဂျင့်ကထုတ်ဖော်ပြောကြား

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
EMPOLI, ITALY - SEPTEMBER 13: Napoli's coach Maurizio Sarri gestures during the Serie A match between Empoli FC - SSC Napoli at Stadio Carlo Castellani on September 13, 2015 in Empoli, Italy.  (Photo by Francesco Pecoraro/Getty Images)
နာပိုလီအသင်းအား ရလဒ်ကောင်းရစေရန် စွမ်းဆောင်ပေးနေသည့် နည်းပြ ဆာရီ။

စီးရီးအေကလပ်နာပိုလီအသင်းနည်းပြဆာရီ၏ အေးဂျင့် အလက်ဇန်ဒရိုက ဆာရီမှာ အသင်းတစ်သင်းအားအောင်မြင်စွာတာဝန်ယူကိုင်တွယ်နေနိုင်ခဲ့သော်လည်း တစ်ချိန်တွင် မွေးရပ်မြေကလပ်အသင်းတစ်သင်းသို့ ပြောင်းရွှေ့လိုနေကြောင်း၊ ဖီအိုရင်တီးနားအသင်းအား တာဝန်ယူကိုင်တွယ်ရန် ဆန္ဒရှိနေကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

နည်းပြဆာရီသည် နည်းပြဘ၀သက်တမ်းတစ်လျှောက်တွင် စီးရီးဘီအသင်းများကိုသာ တာဝန်ယူကိုင်တွယ်ခဲ့ဖူးပြီး၂၀၁၅ တွင် အမ်ပိုလီအသင်းနှင့်အတူ အောင်မြင်မှုရရှိခဲ့သဖြင့် စီးရီးအေအသင်းများ၏ စိတ်ဝင်စားခြင်းကိုခံခဲ့ရကာ ၂၀၁၅-၁၆ ဘောလုံးရာသီတွင် ရာထူးမှနုတ်ထွက်ခဲ့သည့် နာပိုလီနည်းပြ ဘင်နီတက်ဇ်၏ နေရာ၌ အစားထိုးခန့်အပ်တာဝန်ပေးခံခဲ့ရသူဖြစ်သည်။

“ဆာရီဟာ ဘက်ဂ်ျနိုလီအရပ်ဒေသမှာ မွေးခဲ့တဲ့သူတစ်ယောက်ဖြစ်ပြီး နာပိုလီအသင်းပရိသတ်တစ်ယောက်ဆိုတာကို အကြွင်းမဲ့ လက်ခံထားပါတယ်။ ဒါပေမဲ့ ကြီးပြင်းခဲ့တဲ့ မွေးရပ်မြေ ကလပ် ဖီအိုရင်တီးနားအသင်းကို တစ်ချိန်ချိန်မှာ တာဝန်ယူကိုင်တွယ်လိုနေပါတယ်။ ဖီအိုရင်တီးနားအသင်းကသာ ကမ်းလှမ်းမှုပြုလုပ်ခဲ့မယ်ဆိုရင် နာပိုလီအသင်းကို ဆာရီစွန့်ခွာဖို့ များပါတယ်” ဟု အေးဂျင့် အလက်ဇန်ဒရိုက ထုတ်ဖော်ပြောကြားခဲ့သည်။

နည်းပြဆာရီလက်ထက်တွင် နာပိုလီအသင်းမှာ ရလဒ်ကောင်းများရရှိနေပြီး အမှတ်ပေးဇယားထိပ်ဆုံးမှ ဖီအိုရင်တီးနားအသင်းနှင့် ၆မှတ်အကွာ အဆင့်-၆ နေရာတွင် ရပ်တည်လျက်ရှိသည်။

comments

error: Content is protected !!