နယ်သာလန်နည်းပြရာထူးအတွက် ဆောက်သမ်တန်အသင်းအား စွန့်ခွာမည်မဟုတ်ဟု ရော်နယ်ကိုးလ်မန်းအတည်ပြု

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
MILTON KEYNES, ENGLAND - SEPTEMBER 23:  Southampton manager Ronald Koeman looks on during the Capital One Cup Third Round match between MK Dons and Southampton at Stadium mk on September 23, 2015 in Milton Keynes, England.  (Photo by Pete Norton/Getty Images)
ဆောက်သမ်တန်အသင်းနည်းပြ ရော်နယ်ကိုးလ်မန်း။

ဆောက်သမ်တန်အသင်း၏ နည်းပြရော်နယ်လ်ကိုးမန်းက နယ်သာလန်လက်ရွေးစင်အသင်းအား တာဝန်ယူကိုင်တွယ်ရန်အတွက် အသင်းအားစွန့်ခွာမည်မဟုတ်ကြောင်း၊ ကျန်ရှိနေသည့် စာချုပ်သက်တမ်းအားလေးစားသည့်အနေဖြင့် အသင်းတွင်သာ ဆက်ရှိနေမည်ဖြစ်ပြီး အသင်းပြောင်းရွှေ့ကိုင်တွယ်ရန် မရှိကြောင်းထုတ်ဖော်ပြော ကြားခဲ့သည်။

နယ်သာလန်အသင်းတာဝန်ရှိသူများသည့် ယူရို၂၀၁၆ခြေစစ်ပွဲကျရှုံးခဲ့ပြီးနောက် လက်ရှိနည်းပြဖြစ်သူ ဘလိုင်းအား ရာထူးမှအနားပေးရန် စီစဉ်လျက်ရှိနေကြောင်းသတင်းများထွက်ပေါ်ခဲ့သည့်အချိန်တွင် နည်းပြသစ်အဖြစ် ရေပန်းအစားဆုံးဖြစ်လာခဲ့သူ ဆောက်သမ်တန်နည်းပြရော်နယ်ကိုလ်းမန်းက ယခုကဲ့သို့ ငြင်းဆန်ပြောကြားခဲ့ခြင်းဖြစ်သည်။

“ နိုင်ငံအသင်းနည်းပြရာထူးအတွက် သတင်းတွေထွက်ပေါ်နေခဲ့တာကို လက်ခံပါတယ်။ ဒါပေမဲ့ နည်းပြရော်နယ်ကိုးလ်မန်းဆိုတာက ဆောက်သမ်တန်နည်းပြအဖြစ်ရှိနေဆဲပါပဲ။ နယ်သာလန်အသင်းကိုတာဝန်ယူကိုင်တွယ်ဖို့အတွက်နဲ့ဆောက်သမ်တန်အသင်းကို စွန့်ခွာမှာမဟုတ်ပါဘူး။ အသင်းမှာကျန်ရှိနေသေးတဲ့ စာချုပ်အပေါ်လေးစားတဲ့အနေနဲ့ ဆောက်သမ်တန်နည်းပြအဖြစ်ဆက် ရှိနေဦးမှာပါ ” ဟု နည်းပြရော်နယ်ကိုးလ်မန်းက ဆိုခဲ့သည်။

ဆောက်သမ်တန်နည်းပြရော်နယ်ကိုးလ်မန်းအနေဖြင့်အသင်းတွင်ဆက်ရှိနေမည်ဟု ထုတ်ဖော်ပြောကြားထားခဲ့သော်လည်း အသင်းတာဝန်ရှိသူများကမူ နည်းပြသစ်အဖြစ် ခန့်အပ်ရန်ရှာဖွေလျက်ရှိပြီး ယခုနှစ်ဘောလုံးရာသီတွင် လက်စတာအသင်းအတွက် ရလဒ်ကောင်းများ စွမ်းဆောင်ပေးထားနိုင်ခဲ့သည့် ၀ါရင့်နည်းပြရာနီရေးနီအား နည်းပြသစ် အဖြစ်လျာထားကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။

comments

error: Content is protected !!