ကစားသမားဘ၀မှ အနားယူပြီဟု ရီးရဲလ်ဂန္ထ၀င်တိုက်စစ်မှူး ရာအူးလ် ကြေညာ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
useraul
ပရိသတ်များအားနှုတ်ဆက်နေသည့် ရာအူးလ်။

ရီးရဲလ်အသင်းနှင့်အတူ အောင်မြင်မှုများရရှိခဲ့သည့် ဂန္ထ၀င်တိုက်စစ်မှူးဟောင်းဖြစ်သူ ရာအူးလ်က ကစားသမားအဖြစ်
မှအနားယူမည့်အစီအစဉ်ကို ခက်ခဲစွာဆုံးဖြတ်ခဲ့ရသော်လည်း အသက်အရွယ်အရ အနားယူရန်လိုအပ်လာပြီဖြစ်သည့်
အတွက် အနားယူတော့မည်ဖြစ်ကြောင်း အတည်ပြုထုတ်ပြန်ကြေညာခဲ့သည်။

အမေရိကန်မေဂျာလိဂ်ကလပ် နယူးယော့ခ်ကော့စမိုအသင်းတွင် နိုဝင်ဘာလအကုန်အထိစာချုပ်သက်တမ်းကျန်ရှိနေ
သေးသည် တိုက်စစ်မှူးရာအူးလ်သည် အသင်းတာဝန်ရှိသူများနှင့် နှစ်ဦးသဘောတူညီမှုရရှိခဲ့ပြီးနောက် အနားယူ
တော့မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ခြင်းလည်းဖြစ်သည်။

၁၉၉၄တွင် ရီးရဲလ်အသင်းနှင့်အတူ ကစားသမားဘ၀စတင်ခဲ့သည့် စပိန်လက်ရွေးစင်တိုက်စစ်မှူးဟောင်းဖြစ်သူ ရာ
အူးလ်သည် ကစားသမားဘ၀တစ်လျှောက်တွင် စပိန်လာလီဂါချန်ပီယံဆု ၆ကြိမ်၊ ဥရောပချန်ပီယံဆု ၃ကြိမ်ရရှိခဲ့ကာ
အောင်မြင်မှုများစွာရရှိခဲ့သူဖြစ်သည်။

“တကယ်ကို မလွယ်ကူတဲ့အခြေအနေတစ်ခုပါ။ ဒဏ်ရာရရှိနေခဲ့တဲ့အချိန်တောင်မှ ကစားသမားဘ၀အတွက်အခက်
အခဲမရှိဆုံးဖြတ်နိုင်ခဲ့ပေမယ့် ကစားသမားဘ၀ကနေ အနားယူဖို့အတွက် ခက်ခက်ခဲခဲဆုံးဖြတ်ခဲ့ရတယ်ဆိုတာ ၀န်ခံ
ချင်ပါတယ်။ လက်ရှိအသက်အရွယ်အရ ကျင်လည်ခဲ့တဲ့ အသင်းတိုင်နဲ့ အသင်းဖော်ဟောင်းတွေ အားလုံးကို နှုတ်
ဆက်ရမယ့် အချိန်ရောက်ရှိလာခဲ့ပါပြီ” ဟု ရာအူးလ်က ဆိုခဲ့သည်။

အသက် ၃၈နှစ်အရွယ်ရှိတိုက်စစ်မှူး ရာအူးလ်သည် စပိန်လက်ရွေးစင်အသင်းအတွက် ပွဲပေါင်း ၁၀၂ပွဲကစားပေးခဲ့
ကာ ၄၄ဂိုးအထိသွင်းယူပေးနိုင်ခဲ့ပြီး ကာလရှည်ကစားခဲ့သည့် ရီးရဲလ်အသင်းအတွက်လည်း ဂိုးပေါင်း ၃၂၃ ဂိုးအထိ
သွင်းယူပေးခဲ့ကာ အသင်းသမိုင်းတစ်လျှောက်ဂိုးသွင်းအများဆုံးကစားသမားအဖြစ် လက်ရှိရီးရဲလ်တိုက်စစ်မှူး စီ
ရော်နယ်ဒိုနှင့်အတူ ရပ်တည်လျက်ရှိသည်။

comments

error: Content is protected !!