NIKE ထုတ်ကုန် ဖိနပ်အသစ်ကြောင့် ကစားသမားအချို့ ပြင်းထန်သည့် ဒဏ်ရာများရရှိခဲ့ဟု ဝေဖန်မှုများထွက်ပေါ်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
(L-R) care taker Ricardo Sander of Holland, goalkeeper Tim Krul of Holland, medic Edwin Goedhart of Holland during the EURO 2016 qualifying match between Kazachstan and The Netherlands on October 10, 2015 at the Astana Arena in Astana, Kazachstan.(Photo by VI Images via Getty Images)
ဟော်လန်အသင်းအတွက်ပါဝင်ကစားစဉ် ဒဏ်ရာရသွားခဲ့သည့် ဂိုးသမား တင်ခရူး။

အမေရိကန်အားကစားပစ္စည်းကုမ္ပဏီဖြစ်သည့်NIKE မှ ထုတ်လုပ်သည့် မာကျူရီရယ် ထုတ်ကုန်ဖိနပ်အသစ်ကြောင့်ကစားသမားများ အငြင်းပွားမှုများမြင့်တက်လျက်ရှိနေပြီး ပရီးမီးယားလိဂ်ကစားသမားအချို့မှာ ယင်းဖိနပ်အားဝတ်ဆင်ကစားရာမှ ပြင်းထန်သည့် ဒဏ်ရာများရရှိခဲ့ကြကြောင်း ဝေဖန်မှုများမြင့်တက်လျက်ရှိသည်။

NIKE ၏ ထုတ်ကုန်ဖိနပ်အသစ်များဖြစ်သည့် Nike’s Magista နှင့် Mercurial Vapor X ထုတ်ကုန်များမှာ ကစားသမားများအတွက် ဒဏ်ရာရရှိရန် ပိုမိုလွယ်ကူနေသည့်အတွက် ယခုကဲ့သို့ ဝေဖန်မှုများထွက်ပေါ်နေခြင်းဖြစ်သည်။

အဆိုပါဖိနပ်များအား ၀တ်ဆင်ကစားခဲ့သည့် လီဗာပူးနောက်ခံလူ ဂိုမက်စ်နှင့် တိုက်စစ်မှူး ဒန်နီအင့်စ်တို့မှာ ထင်မှတ်မထားသည့် အနေအထားမှဒဏ်ရာများရရှိခဲ့သည့်အတွက် ယခုနှစ်ရာသီကုန်အထိအနားယူရတော့မည်ဖြစ်သလိုNike’s Megista ဖိနပ်အားဝတ်ဆင်ကစားခဲ့သည့် ဟော်လန်လက်ရွေးစင်ဂိုးသမား တင်ခရူးမှာလည်း ရာသီကုန်အထိအနားယူရတော့မည်ဖြစ်သည်။

ထို့အပြင် ဘုန်းမောက်ကစားသမားများဖြစ်သည့် တိုင်ရိုမင်စ်၊ ၀ီလ်ဆန်၊ မက်စ်ဂရီဒယ်တို့မှာမှာ Mercurial Vapor X ထုတ်ကုန်ဖိနပ်အသစ်များ ၀တ်ဆင်ခဲ့ခြင်းကြောင့် ပြင်းထန်သည့် ဒဏ်ရာများရရှိခဲ့ပြီး ကာလရှည်အနားယူရမည့်အခြေအနေနှင့် ရင်ဆိုင်နေရလျက်ရှိသည်။

ယင်းကဲ့သို့အခြေအနေများနှင့်ပတ်သက်၍ ပရီးမီးယားလိဂ်ကစားသမားများ၏ ဒဏ်ရာရရှိမှုအခြေအနေများအပေါ်စစ်တမ်းများကောက်ယူနေသည့် premierinjuries.com မှ တာဝန်ရှိသူ ဘင်ဒီနာရေးအနေဖြင့် NIKE ကုမ္ပဏီထံ အသိပေးအကြောင်းကြားမေးမြန်းခဲ့သော်လည်း တစ်စုံတစ်ရာမှတ်ချက်ပြုခဲ့ခြင်းမရှိကြောင်း သိရသည်။

MANCHESTER, ENGLAND - AUGUST 25: Man City goalkeeper Joe Hart wearing yellow Nike Magista boots during the Barclays Premier League match between Manchester City and Liverpool at the Etihad Stadium on August 25, 2014 in Manchester, England. (Photo by Simon Stacpoole/Mark Leech Sports Photography/Getty Images)

Nike၏Magista ဖိနပ်အား နယူးကဆယ်အသင်းတွင်တင်ခရူး ၀တ်ဆင်ကစားစဉ်။

comments

error: Content is protected !!