ရလဒ်ဆိုးများမှရုန်းထွက်နိုင်ရန် ဒါရိုက်တာအဖွဲ့နှင့် လက်တွဲဖြေရှင်းနိုင်မည်ဟု ယုံကြည်ကြောင်း မက္ကလာရင်ပြော

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
NEWCASTLE UPON TYNE, ENGLAND - SEPTEMBER 26: Steve McClaren (R) manager of Newcastle United reacts during the Barclays Premier League match between Newcastle United and Chelsea at St James' Park on September 26, 2015 in Newcastle upon Tyne, United Kingdom.  (Photo by Tony Marshall/Getty Images)
နယူးကာဆယ်အသင်း၏ရလဒ်ဆိုးများအပေါ် စိတ်ပျက်နေသည့် နည်းပြ မက္ကလာရင်။

နယူးကာဆယ်နည်းပြမက္ကလာရင်က ရလဒ်ဆိုးများမှ ရုန်းထွက်နိုင်ရန်အတွက် အသင်းဒါရိုက်တာအဖွဲ့မှ လက်တွဲဖြေရှင်းပေးမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

ထိုပြဿနာများကို နည်းပြမက္ကလာရင်အနေဖြင့် နယူးကာဆယ်အထွေထွေဒါရိုက်တာ လီချန်လေအပါအ၀င် အသင်းပိုင်ရှင်မိုက်အက်ရှ်လေတို့နှင့် လာမည့်ဇန်န၀ါရီအပြောင်းအရွှေ့တွင် စီမံကိန်းရေးဆွဲ၍ ဖြေရှင်းနိုင်မည်ဟု ယုံကြည်နေသည်။

မက္ကလာရင်က ”အပြန်အလှန်ယုံကြည်မှုတွေနဲ့ စီမံကိန်းရေးဆွဲရတော့မှာ ဖြစ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်မယုံကြည်ရင် ကောင်းတဲ့ရလဒ်တွေမဖြစ်နိုင်ပါဘူး။ လာမယ့်ဇန်န၀ါရီအပြောင်းအရွှေ့ကာလဟာ ကျွန်တော်တို့အားလုံးအတွက် အရေးကြီးတဲ့အချိန်ပါ။ အပြောင်းအလဲများစွာပြုလုပ်ဖို့နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ တော်တော်များများဆွေးနွေးထားပါတယ်။ နောက်ဆုံးအဖြေထွက်တာကတော့ ဘယ်သူ့မျက်နှာမှမကြည့်ဘဲ လုပ်ဆောင်ဖို့ပါ” ဟု ပြောကြားခဲ့သည်။

ပရီးမီးယားလိဂ်အမှတ်ပေးပြိုင်ပွဲတွင် ပွဲစဉ် ၈ ပြီးဆုံးချိန်တွင် နယူးကာဆယ်အသင်းမှာ ဇယားအောက်ဆုံးရောက်ရှိခဲ့ပြီး ပွဲစဉ်တိုင်းတွင် ရလဒ်ကောင်းရရန် ရုန်းကန်နေရသည်။

comments

error: Content is protected !!