စက်တင်ဘာလအတွက် ပရီးမီးယားလိဂ်အကောင်းဆုံးကစားသမားဆု မာရှယ်ရရှိ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
martial
မန်ယူတိုက်စစ်မှူး မာရှယ်အား စက်တင်ဘာလအတွက် အကောင်းဆုံးကစားသမားဆုနှင့်အတူတွေ့ရစဉ်။

မန်ယူတိုက်စစ်မှူး မာရှယ်သည် ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ စက်တင်ဘာလ အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ကြောင်း သိရသည်။

အသက်၁၉နှစ်အရွယ်ရှိ မာရှယ်သည် ပွဲထွက်ပါဝင်ကစားသည့် လီဗာပူးနှင့် ပွဲအပါအ၀င်(၄)ပွဲ၌ (၃)ဂိုးသွင်းယူ နိုင်ခြင်းကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ စက်တင်ဘာလအကောင်းဆုံးကစားသမားဆုကို ရရှိနိုင်ခဲ့ခြင်းဖြစ် ကြောင်းသိရသည်။

မာရှယ်မှာ ဆယ်ကျော်သက်ကစားသမားများထဲတွင် ပြောင်းရွှေ့ကြေး အများဆုံးဖြစ်သည့် ပေါင် ၃၆ သန်းဖြင့် မိုနာကိုမှ မန်ယူအသင်းသို့ စက်တင်ဘာလကမှ ပြောင်းရွှေ့လာခဲ့သူလည်းဖြစ်သည်။

ယင်းပြင်သစ်တိုက်စစ်မှူးအနေဖြင့် ယမန်နှစ်က မိုနာကိုအတွက် ၃၁ပွဲကစားကာ ၈ ဂိုးသွင်းနိုင်ခဲ့ပြီး ပြီးခဲ့သည့် စက်တင်ဘာလ ၄ ရက်နေ့က ပြင်သစ်အသင်းအတွက် ပထမဦးဆုံးလက်ရွေးစင်ပွဲဦးထွက်ကို ကစားနိုင်ခဲ့သည်။

စက်တင်ဘာလအတွက် အကောင်းဆုံး၍နည်းပြဆုကို စပါးနည်းပြပိုချက်တီနိုက ရရှိခဲ့သည်။ ၎င်းအနေဖြင့် စက်တင်ဘာလအတွင်း ကစားခဲ့သည့် ပရီးမီးယားလိဂ်(၃)ပွဲစလုံးအား အနိုင်ကစားရန် လမ်းညွှန်ပေးနိုင်ခဲ့သည်။

comments

error: Content is protected !!