အဲဗာတန်အား ခြေစွမ်းပြကစားနိုင်မည်ဟု ယုံကြည်ကြောင်း ဗန်ဟားလ် ပြောကြား

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
usemanu
အဲဗာတန်နှင့် ပွဲကြို သတင်းစာရှင်းလင်းပွဲတွင် ဗန်ဟားလ် ရှင်းလင်းပြောကြားနေစဉ်။

အာဆင်နယ်နှင့်ယှဉ်ပြိုင်ခဲ့သည့်ပွဲတွင် ခြေစွမ်းဆိုးရွားခဲ့သော်လည်း ယခုတစ်ပတ် ယှဉ်ပြိုင်မည့်အဲဗာတန်၏အိမ်ကွင်းတွင်ကစားသမားများခြေစွမ်းမှန်ပြန်ရလာမည်ဟု မန်ယူနည်းပြဗန်ဟားလ်က ပြောကြားခဲ့သည်။

အဆိုပါနည်းပြက ”အာဆင်နယ်နဲ့ပွဲမှာ အသင်းခြေစွမ်းဆိုးရွားခဲ့ပါတယ်။ အသင်းကို စီမံခန့်ခွဲမှုမလုပ်နိုင်ရန် သူတို့အထိန်းအကွပ်မဲ့သွားလိမ့်မယ်။ ဒါက ကစားသမားမှမဟုတ်ပါဘူး နေရာတိုင်းမှာ ဒီလိုဖြစ်သွားနိုင်တယ်။ အာဆင်နယ်နဲ့ပွဲကို ကျွန်တော်အခုအချိန်ထိ ပြန်စဉ်းစားဖို့ပြောနေတုန်းပါတယ်။ ဒါကြောင့် အဲဗာတန်နဲ့ ပွဲမှာ ကျွန်တော်တို့ ခြေစွမ်းကောင်းပြန်ပြနိုင်ဖို့လိုအပ်ပါတယ်။ ကျွန်တော်တို့ပွဲအစပိုင်းမှာ အထနှေးပေမယ့် အာဆင်နယ်ကတော့ ကောင်းမွန်ခဲ့ပါတယ်။ ဒါကိုတိုက်ဆိုင်မှုတစ်ခုလို့ ကျွန်တော်မယူဆဘူး။ ကျွန်တော်လက်မခံသလို အသင်းကစားသမားတွေနဲ့ တခြားသူတွေကိုလည်းလက်မခံစေချင်ဘူး။ ကျွန်တော်တို့ ချန်ပီယံဖြစ်ချင်တယ်။ ဒါကြောင့် ချန်ပီယံခြေစွမ်းပြဖို့ အချိန်တိုင်း ကြိုးပမ်းရပါလိမ့်မယ်။ကျွန်တော့်ကစားသမားတွေရဲ့ ပုံစံကောင်းတွေကြောင့် အဲဗာတန်နဲ့ ပွဲမှာ ခြေစွမ်းပြနိုင်မယ်လို့ ကျွန်တော်ယုံကြည်တယ်”ဟု ပြောကြားခဲ့သည်။

ထို့အပြင် ဗန်ဟားလ်က မက်နီရာ၊ ရိုဟို၊ ဟာရီရာတို့မှာ ကြံ့ခိုင်မှုမပြည့်ဝသောကြောင့် ပွဲချိန်ပြည့်ကစားနိုင်မည်မဟုတ်ကြောင်းဆိုခဲ့ပြီး တိုက်စစ်မှူးရွန်နီနှင့် နောက်ခံလူကာရစ်တို့မှာ အဲဗာတန်နှင့်ယှဉ်ပြိုင်မည့်ပွဲတွင် ပြန်လည်ပါဝင်မည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

comments

error: Content is protected !!