ဂျူဗင်တပ်နှင့်တွေ့ဆုံမှု ၅ ကြိမ်တွင် ၆ ဂိုးသွင်းယူနိုင်ခြင်းကို အမှတ်ရနေဆဲဟု အိုင်ကာဒီ ပြောကြား

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
CHIASSO, SWITZERLAND - OCTOBER 09:  Mauro Emanuel Icardi of FC Internazionale Milano competes for the ball with Rouiller Steve of Chiasso during the friendly match between Chiasso and FC Internazionale on October 9, 2015 in Chiasso, Switzerland.  (Photo by Marco Luzzani - Inter/Inter via Getty Images)
အင်တာတိုက်စစ်မှူး အိုင်ကာဒီ၏ ထိုးဖောက်ကစားဟန်။

အင်တာမီလန်တိုက်စစ်မှူးအိုင်ကာဒီက ဂျူဗင်တပ်နှင့်တွေ့ဆုံမှု ၅ ကြိမ်တွင် ၆ ဂိုးသွင်းယူနိုင်ခြင်းကို အမှတ်ရနေဆဲဖြစ်ကြောင်း ပြောကြားခဲ့ပြီး ယခုတနင်္ဂနွေနေ့တွင် ကစားမည့်ပွဲတွင်လည်း ခြေစွမ်းပြနိုင်မည်ဟု ယုံကြည်ကြောင်းဆိုခဲ့သည်။

အိုင်ကာဒီမှာ အင်တာမီလန်သို့ မပြောင်းရွှေ့မီအချိန်တွင် ဆမ်ဒိုးရီးယားတိုက်စစ်မှူးအဖြစ်ကစားခဲ့ပြီး ဂျူဗင်တပ်နှင့်ပွဲတွင်
ဂိုးသွင်းယူနိုင်ခြင်းနှင့်ပတ်သက်၍ ”ဂျူဗင်တပ်ကွင်းမှာ အောင်ပွဲခံခဲ့တဲ့ အမှတ်တရတွေကို ကျွန်တော်ဘယ်တော့မှ
မေ့မှာမဟုတ်ပါဘူး။ အဲဒီပွဲတုန်းက ကျွန်တော်တို့ဘက်က ကစားသမားတစ်ယောက်လျော့နေသလို တစ်ဂိုးလည်းပေးထား
ရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ပွဲအလှည့်အပြောင်းလုပ်နိုင်ခဲ့တဲ့အတွက် ၃ မှတ်ရခဲ့ပါတယ်” ဟု ပြောကြားခဲ့သည်။

ထို့အပြင် အိုင်ကာဒီမှာ အင်တာမီလန်သို့ပြောင်းရွှေ့ခဲ့ပြီးနောက် ဂျူဗင်တပ်နှင့် တွေ့ဆုံခဲ့သည့် ပထမဆုံး အီတလီဒါဘီပွဲစဉ်တွင်
ဂိုးသွင်းယူနိုင်ခြင်းအပေါ် အံ့အားသင့်ခဲ့ရကြောင်း ပြောကြားခဲ့သည်။ အဆိုပါပွဲနှင့်ပတ်သက်၍ ”အင်တာမီလန်ကစားသမားအဖြစ်
ဂျူဗင်တပ်နဲ့ပထမဆုံးတွေ့ဆုံတဲ့ပွဲမှာ မယုံကြည်နိုင်လောက်အောင်ဖြစ်ခဲ့ရတယ်။ အဲဒီပွဲမှာ ကျွန်တော်ဒဏ်ရာအနည်းငယ်
ရထားလို့ ရာနှုန်းပြည့်မကစားနိုင်ပါဘူး။ ဒုတိယပိုင်းရောက်မှ ၀င်ကစားပြီးအသင်းအတွက် ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။
အဲဒီခံစားမှုက တကယ့်ကိုအံ့အားသင့်စရာပါ” ဟု ပြောကြားခဲ့သည်။

comments

error: Content is protected !!