ဆောင်းရာသီကစားသမားဈေးကွက်တွင် ဘာစီလိုနာသို့ ဗန်ပါစီရောက်ဖွယ်ရှိ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
Robin van Persie of Fenerbahce during the Super Lig match between Kasimpasa SK and Fenerbahce on September 13, 2015 at the Recep Tayyip Erdogan stadium in Istanbul, Turkey.(Photo by VI Images via Getty Images)
ဖီနာဘာချီအသင်းတွင် ပွဲထွက်ခွင့်ဆုံးရှုံးနေသည့် ဗန်ပါစီ။

ဖီနာဘာချီတိုက်စစ်မှူး ဗန်ပါစီမှာ ဘာစီလိုနာအသင်း၏ စောင့်ကြည်နေခြင်းကိုခံနေရပြီး လာမည့်ဆောင်းရာသီကစားသမား အပြောင်းအရွှေ့ဈေးကွက်တွင် ယင်းစပိန်ထိပ်သီးကလပ်သို့ ပြောင်းရွှေ့ဖွယ်ရှိနေကြောင်း မီဒီယာများ၏ ဖော်ပြချက်အရသိရသည်။

အာဆင်နယ်၊ မန်ယူအသင်းများနှင့်အတူ အောင်မြင်မှုများစွာ ရရှိခဲ့သည့် ဗန်ပါစီသည် လက်ရှိအချိန်တွက် တူရကီကလပ်ဖီနာဘာချီအသင်းတွင်ပွဲထွက်ကစားခွင့်ပျောက်ဆုံးခဲ့နေခဲ့သည့်အတွက် ပွဲထွက်ကစားခွင့်ရရှိရန် အသင်းတာဝန်ရှိသူများထံ တောင်းဆိုမှုများပြုလုပ်ခဲ့ပြီးနောက်ဘာစီလိုနာ အသင်းနည်းစနစ်ဒါရိုက်တာ ရောဘတ်ဖာနန်ဒက်စ်၏ စောင့်ကြည့်ခြင်းကိုခံနေရခြင်းဖြစ် ကြောင်းသိရသည်။

လာမည့်အပြောင်းအရွှေ့ဈေးကွက်တွင် ဆဲလ်တာဗီဂို လူငယ်တိုက်စစ်မှူး နိုလီတိုအား ခေါ်ယူရန် ပြင်ဆင်နေသည့် ဘာစီလိုနာနည်းပြအန်းနရစ် အနေဖြင့် အပြောင်းအရွှေ့အဆင်မပြေခဲ့ပါက ဗန်ပါစီအား ခေါ်ယူရန် စိတ်ဝင်စားနေကြောင်းလည်း သတင်းများထွက်ပေါ်လျက်ရှိသည်။

comments

error: Content is protected !!