နည်းပြ မီဟိုင်းလိုဗစ် နည်းဗျူဟာပိုင်းပြောင်းလဲသင့်နေပြီဟု အေစီမီလန်ဥက္ကဋ္ဌ မှတ်ချက်ပြု

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
MILAN, ITALY - DECEMBER 04:  Silvio Berlusconi and Francesca Pascale (L) attend the UEFA Champions League group C match between AC Milan and Zenit St Petersburg at San Siro Stadium on December 4, 2012 in Milan, Italy.  (Photo by Claudio Villa/Getty Images)
အေစီမီလန်အသင်း၏ ပွဲစဉ်တစ်ပွဲအား တက်ရောက်ကြည့်ရှုနေသည့် ဘာလူစကိုနီ။

အေစီမီလန်အသင်းဥက္ကဋ္ဌဘာလူစကိုနီက လက်ရှိအသင်းခြေစွမ်းအပေါ် အားရခြင်းမရှိသော်လည်း နည်းပြမီဟိုင်းလိုဗစ်မှာ နည်းဗျူဟာပိုင်းအရ ပြောင်းလဲအသုံးပြုရန်လိုအပ်နေပြီဖြစ်ကြောင်း၊ ထိပ်တန်းနည်းပြတစ်ဦးဖြစ်သည့်အတွက် လုံလောက်သည့် အချိန်အတိုင်းအတာတစ်ခုပေးအပ်ရမည်ကိုလည်း လက်ခံကြောင်း မှတ်ချက်ပြုပြောကြားခဲ့သည်။

စီးရီးအေပွဲစဉ်-၇အပြီးတွင် ရှုံးပွဲ ၄ပွဲအထိကြုံတွေ့ခဲ့ထားသည့် အေစီမီလန်အသင်းသည် ပရိသတ်များ၏ဝေဖန်မှုများခံနေရလျက်ရှိပြီး ပွဲစဉ်-၈အဖြစ် တိုရီနိုနှင့်ပွဲစဉ်တွင် ရလဒ်မကောင်းခဲ့ပါကး နည်းပြမီဟိုင်းလိုဗစ်မှာ ရာထူးမှထုတ်ပယ်ခံရဖွယ်ရှိနေကြောင်းလည်း သတင်းများထွက်ပေါ်လျက်ရှိနေသည်။

” မီဟိုင်းလိုဗစ်က စီးရီးအေရဲ့ ၀ါရင့်ထိပ်သီးနည်းပြတစ်ဦးပါ။ ကစားသမားတစ်ဦးချင်းစီရဲ့ စွမ်းဆောင်ရည်ကိုဘယ်လိုထုတ်သုံးရမယ်ဆိုတာ ကောင်းကောင်းနားလည်ထားတဲ့ နည်းပြတစ်ဦးဖြစ်ပေမယ့် လက်ရှိအသင်းမှာကျင့်သုံးနေတဲ့ နည်းဗျူဟာကိုတော့ အနည်းငယ်ပြောင်းလဲသင့်နေပါပြီ” ဟု အေစီမီလန်ဥက္ကဋ္ဌ ဘာလူစကိုနီက မှတ်ချက်ပြုခဲ့သည်။

comments

error: Content is protected !!